အိန္ဒိယအစိုးရက နျူကလီးယားစွမ်းအင်သုံး မျိုးဆက်သစ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောနှစ်စင်း တည်ဆောက်ရန် ခွင့်ပြု


(နိုင်ငံတကာ) စက်တင်ဘာ ၁၁

အိန္ဒိယအစိုးရက တပ်မတော်အတွက် နျူကလီးယားစွမ်းအင်သုံး မျိုးဆက်သစ်တိုက်ခိုက်ရေး ရေငုပ်သင်္ဘောနှစ်စင်းကို တည်ဆောက်ရန် အောက်တိုဘာလ ၁၀ ရက်တွင် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

အိန္ဒိယနိုင်ငံ အနေဖြင့် ဒေသတွင်းလုံခြုံရေးနှင့် ပြည်တွင်းကာကွယ်ရေး စက်မှုလုပ်ငန်းကို မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မှုတစ်ခုအဖြစ် ရူပီးဘီလီယံ ၄၅၀ တန်ဖိုးရှိ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနှစ်စင်းကို တည်ဆောက်ခြင်း ဖြစ်သည်။

အဆိုပါ ရေငုပ်သင်္ဘောအသစ်များကို နိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းမြို့တစ်ခုဖြစ်သော ဝိသာခါပတ္တနမ်သင်္ဘောကျင်းတွင် တည်ဆေက်သွားမည်ဖြစ်သည်။

ထိုရေငုပ်သင်္ဘောအသစ်များက လက်ရှိတည်ဆောက်လျက်ရှိသည့် နျူကလီးယားလက်နက်များကို ပစ်ခတ်နိုင်သော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများနှင့် ကွဲပြားခြားနားမည်ဖြစ်ကြောင်း ထိုကိစ္စနှင့် ပတ်သက်၍ ရင်းနှီးသူများကပြောသည်။

နျူကလီးယားစွမ်းအင် အသုံးပြုရေငုပ်သင်္ဘောများသည် သွားလာရာတွင် မြန်ဆန်ခြင်း၊ အသံလုံခြင်း၊ ရေအောက်တွင် ကာလရှည်ကြာ နေနိုင်ခြင်းနှင့် ထောက်လှမ်းရန် ခက်ခဲခြင်းတို့ကြောင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများက ပိုမိုအသုံးပြုလာသည့် ရေတပ်စစ်လက်နက် ပစ္စည်းတစ်မျိုး ဖြစ်သည်။

လက်ရှိတွင် ကမ္ဘာပေါ်၌ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ပိုင်ဆိုင်ထားသည့် နိုင်ငံစုစုပေါင်း ခြောက်နိုင်ငံသာ ရှိပြီး ထိုနိုင်ငံများတွင် အိန္ဒိယနိုင်ငံကလည်း တစ်နိုင်ငံအဖြစ် ပါဝင်ကြောင်း TST သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN