ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့ နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်များအတွင်း အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှုကျူးလွန်ခဲ့သူများအား သက်သေခံ Tablet တစ်လုံး၊လက်ကိုင်ဖုန်း ၂၂ လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ


(မှုခင်း) စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ်များအတွင်း YBS ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များထံမှ အုပ်စုဖွဲ့
ခါးပိုက်နှိုက်ယူမှုများဖြစ်ပွားလေ့ရှိကြောင်း ဒုစရိုက်မှုကို မလိုလားသူ တာဝန်သိပြည်သူများ၏ သတင်းပေးပို့တိုင်တန်းချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိ
နိုင်ရေး နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲတွင် ခါးပိုက်နှိုက်မှုကျူးလွန်လေ့ရှိသူများဖြစ်ကြသည့် ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၃)ရပ်ကွက်နေ သန်းထွန်းအောင်(ခ)ကရင် အားလည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့ နယ်၊ အမှတ်(၄၇)ရပ်ကွက်နေ စန်းမောင် အားလည်းကောင်း၊ မွန်းလွဲ ၂
နာရီတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၂) ရပ်ကွက်နေ စိုးတင့်(ခ)တရုတ်အားလည်းကောင်း၊ ည ၆ နာရီခွဲတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၉)ရပ်ကွက်နေ
ချစ်မင်းထွေး(ခ)ကုလားလေး အားလည်းကောင်း ၎င်းတို့၏နေအိမ်များမှ ထိန်းသိမ်းခေါ်ယူ စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သန်းထွန်းအောင်(ခ)ကရင်၊ စန်းမောင်၊ စိုးတင့်(ခ)တရုတ်နှင့် ချစ်မင်းထွေး(ခ)ကုလားလေးတို့ ၄ ဦးသည် အောက်တိုဘာလ ၃ ရက်နေ့ ည ၆ နာရီ၌ ရန်ကင်း
မြို့နယ်အတွင်း ပြေးဆွဲနေသည့် YBS(14)ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည် အမျိုးသမီးတစ်ဦးထံမှ TAB 8 Pro အမျိုးအစား Tablet တစ်လုံးအား ခါးပိုက်နှိုက်ရယူခဲ့ကြောင်း
ဖော်ထုတ်သိရှိခဲ့ရသည်။

ဆက်လက်စစ်ဆေးချက်အရ ၎င်းတို့ ၄ ဦးသည် စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း ရန်ကင်းမြို့ နယ်၊ ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့အတွင်း ပြေးဆွဲနေသည့် YBS ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များထံမှ
လက်ကိုင်ဖုန်း ၂၂ လုံးအား ၁၀ ကြိမ် အုပ်စုဖွဲ့ ခါးပိုက်နှိုက်ရယူခဲ့ကြောင်းနှင့် ထိုသို့ ခါးပိုက်နှိုက်မှုများကျူးလွန်စဉ် သန်းထွန်းအောင်(ခ)ကရင်မှ လက်ကိုင်ဖုန်းများအား ခါးပိုက်နှိုက်ယူပြီး စန်းမောင်၊ ချစ်မင်းထွေး(ခ)ကုလားလေးနှင့် စိုးတင့်(ခ)တရုတ်တို့မှ YBS ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါ
လာသည့် ခရီးသည်များအား တိုးဝှေ့၊ လူကာပေးခဲ့ကြကြောင်း ဖော်ထုတ်သိရှိရကြောင်း သိရသည်။

ပေါ်ပေါက်ချက်အရ ခါးပိုက်နှိုက်ရယူထားရှိသည့် Tablet နှင့် လက်ကိုင်ဖုန်းများအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ ပြည့်ဖြိုးသူ(ခ)ဖိုးခွားထံတွင် စုစုပေါင်း တန်ဘိုးငွေ ၂,၇၇၈,၀၀၀ ကျပ်ဖြင့် ရောင်းချထားကြောင်းသိရှိရသဖြင့် သက်သေများနှင့်အတူ
သွားရောက်ရှာဖွေခဲ့ရာ ခါးပိုက်နှိုက်မှုကျူးလွန်ရာမှ ရရှိသည့် TAB 8 Pro အမျိုးအစား Tablet တစ်လုံးနှင့် လက်ကိုင်ဖုန်းမျိုးစုံ ၂၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ရန်ကင်းမြို့ နယ်၊ တောင်ဥက္ကလာပမြို့ နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် များအတွင်း အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှုကျူးလွန်ခဲ့သူ သန်းထွန်းအောင်(ခ)ကရင်ပါ တရားခံ ၄ ဦးအား
သက်သေခံ Tablet တစ်လုံး၊ လက်ကိုင်ဖုန်း ၂၂ လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီး ရမိတရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းအသီးသီး၌
အမှုများဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အလားတူဒုစရိုက်မှုများ ကျူးလွန်နိုင်မှုမရှိစေရေးမိဘပြည်သူများအနေဖြင့် နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံ အသိပေးသတင်းပေးပို့ တိုင်ကြားနိုင်
ကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN