ပထမအကြိမ် ဓမ္မစကြာ ညီလာခံ အခမ်းအနားကျင်းပပြုလုပ်ခဲ့


(ပြည်တွင်း) စက်တင်ဘာ ၁၁

ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းတော်ကြီးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ရန်ကုန်) တို့ပူးပေါင်းကျင်းပသော ပထမအကြိမ် ဓမ္မစကြာညီလာခံ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် SKYSTAR HOTEL ရှိ Royal Ballroom မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါအခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် တိပိဋကာလင်္ကာရ စာသင်တိုက် ဦးစီးပဓာနနာယက ဒွိပိဋကဓရ (အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ရန်ကုန်တိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိ က အဖွင့်အမှာစကား မိန့်ကြားချီးမြှင့်ခဲ့ပါတယ်။

ထိုင်းဆရာတော် ဖရက်ခရှုစမွတ်နိဝုံဝွတ်ထိဂွန်ဆော က အဖွင့်အမှာစကား မိန့်ကြားချီးမြှင့်ခဲ့ပြီး ဓမ္မစကြာနှင့် မျက်မှောက်ကမ္ဘာ့မှာ ဖြစ်ပေါ်နေသော ရောဂါကပ်များ၊ သဘာဝဘေးအန္တရာယ်များ၊ အစာရေစာရှားပါးမှုများ၊ ငြိမ်းချမ်းအေးချမ်းရေးအားနည်းမှု ထိုအဖြစ်အပျက်များနှင့် နှိုင်းယှဉ်ကာ ဓမ္မစကြာအရေးကြီးပုံ၊ အရေးပါပုံများကို မိန့်ကြားခဲ့ပါတယ်။

A.E.C ဥက္ကဋ္ဌဆရာတော် ဖရက်မဟာဆူရတ်အခရတ်တနှော က ဓမ္မမိတ်ဆွေများကို နေ့စဉ်နေ့တိုင်း ဓမ္မစကြာ တရားတော်ကို ရွတ်ဖတ်ပူဇော်ပေးရန် နှိုးဆော်တိုက်တွန်း မိန့်ကြားပြီး ထိုင်းဆရာတော် ဖရက်ဝွတ်ထိထမှာဖွန်က ပထမအကြိမ် ဓမ္မစကြာညီလာခံအောင်မြင်ပြီးမြောက်ကြောင်း နိဂုံးချုပ်သြဝါဒကထာ ချီးမြှင့်ပေးပါတယ်။

ဓမ္မကာယ ကျောင်းထိုင်ဆရာတော် လုံဖောဓမ္မချိုင်ယော် ၈၁ နှစ် ဝိဇာတမွေးနေ့အတွက် ဆရာတော်များကို ကထိန်အလှူငွေနှင့် ဝတ္ထုငွေများကို ထိုင်းဆရာတော်က ဆက်ကပ်လှူဒါန်းရာရန်ကုန်တိုင်းဒေသကြီး သံဃနာယက ဥက္ကဋ္ဌဆရာတော်က လက်ခံရယူပါတယ်။

ယင်းနောက် ရေဘေးကယ်ဆယ်ရေးပစ္စည်းများကို တာဝန်ရှိသူများကလှူဒါန်းရာ သုံးရာသီလူမှု ကယ်ဆယ်ရေးဗဟိုဥက္ကဋ္ဌက လက်ခံရယူပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN