စက်သုံးဆီဝယ်ယူခွင့် Smart Card ကို Digital Smart Card နှင့် Physical Smart Card နှစ်မျိုးဆောင်ရွက်မည်


(ပြည်တွင်း) စက်တင်ဘာ ၁၁

စက်သုံးဆီဝယ်ယူသုံးစွဲသူများ လွယ်ကူစွာ ဝယ်ယူနိုင်ရန် စက်သုံးဆီဝယ်ယူခွင့် Smart Card ကို Digital Smart Card နှင့် Physical Smart Cardနှစ်မျိုးဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ သိရပါတယ်။

Digital Smart Card ကို အွန်လိုင်းမှ လျှောက်ထားနိုင်ရန်အတွက် Online Application တစ်ခုကို စီစဉ်ထား ရှိပြီး အဆိုပါအက်ပလီကေးရှင်းကို ဖုန်းကနေ download ရယူနိုင်ပြီး လက်ရှိမှာ စမ်းသပ်နေဆဲဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ Smart Card ပြုလုပ်ခြင်းသည် လွယ်လွယ်ကူကူနှင့် ပြည့်ပြည့်ဝဝ ဝယ်ယူနိုင်ရန်၊ မရိုးသားသည့် စက်သုံးဆီဆိုင်များ၊ တဆင့်ပြန်လည်ရောင်းချတဲ့ စက်သုံးဆီဆိုင်များကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန်အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ပြည်တွင်းမှာ စက်သုံးဆီသုံးစွဲမှုပမာဏ တိတိကျကျသိရှိပြီး စက်သုံးဆီမည်မျှ တင်သွင်းရမည်ကို ဆောင်ရွက် နိုင်ရန်အတွက် စက်သုံးဆီဝယ်ယူခွင့်စမတ်ကတ်များအား ကနဦးအနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များ တွင် စတင်စမ်းသပ်ရန်စီစဉ်ဆောင်ရွက်ရန်စီစဉ်ထားကြောင်းသိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN