ကျွန်းစုမြို့နယ်၊ သန္တာကျွန်းဝိုင်းကြီးရေပြင်တွင် ဆီတင်လှေ မီးလောင်


(ပြည်တွင်း) စက်တင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကန်းကြီးကျေးရွာအုပ်စု၊ သန္တာကျွန်းဝိုင်းကြီးရေပြင်တွင် ယနေ့မွန်းလွဲ၂နာရီ၅၀မိနစ်အချိန်ခန့်က ဆီတင်လှေ တစ်စီးမီးလောင်နေကြောင်း ​မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မီးလောင်သည့်နေရာသို့ မြိတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်နှင့် ပျက်ဆီးဆုံးရှုံးမှုတန်းဖိုးအားစုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN