ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်ဘုရားတွင် ဗုဒ္ဓပူဇနိယပူဇော်ပွဲတော် ကျင်းပမည်

(ပြည်တွင်း) အောက်တိုဘာ ၉ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပူဇော်ပွဲ ကို အောက်တိုဘာလ ၁၃ ရက်မှ ၁၇ ရက်အထိ ၅ ရက်ကြာ…

ချင်းတွင်းမြစ်ကြက်မွှေးဆိပ်ကမ်းတွင် ဈေးဝယ်လာသည့်လူငယ် ၁ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ပြီး မြစ်ထဲမျှောခဲ့ကြောင်း မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

(ပြည်တွင်း) အောက်တိုဘာ ၉ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ် ၈ သုခဝတီရပ်ကွက်၊ ချင်းတွင်းမြစ်ကြက်မွှေး ဆိပ်ကမ်းတွင် ဈေးဝယ်လာသည့်လူငယ် ၁ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင် များက ဖမ်းဆီးသတ်ဖြတ်ပြီး…

မတ္တရာမြို့နယ်တွင် အကြမ်းဖက်‌သောင်းကြမ်းသူများ ခြေကုတ်ယူထားသော နေရာများအား တပ်မတော်စစ်ကြောင်းအဖွဲ့မှ ရှင်းလင်းချေမှုန်း

(ပြည်တွင်း) အောက်တိုဘာ ၉ ယမန်နေ့ညက မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် တပ်မတော်စစ်ကြောင်းအဖွဲ့မှ ထိုးစစ်ဆင်ကာ အကြမ်းဖက်နှိမ်နင်းရေးလုပ်ဆောင်နေကြောင်း သိရသည်။ မတ္တရာမြို့နယ်၊ ကျောက်တံတား၊ သမင်တွင်း၊ ကံဖြူ ဘက်တို့တွင် တပ်မတော်စစ်‌ကြောင်းအဖွဲ့များက…

Hotel APEX MANDAY အပေါ်ထပ်ဆုံး Sky Bar ပေါ်မှ အမျိုးသားတစ်ဦး ခုန်ချ

(မှုခင်း) အောက်တိုဘာ ၉ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြိုနယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၅ လမ်း၊ ၅၈×၅၉ လမ်းကြားရှိ Hotel APEX MANDAY အပေါ်ထပ်ဆုံး Sky Bar…

အမေရိကန် ဖလော်ရီဒါဖက်ကိုဝင်မဲ့ စူပါတိုင်ဖုန်းကြောင့် မြို့တော်ဝန်မှ ဒေသခံများအား အမြန်ဆုံးရွှေ့ပြောင်ရန် သတိပေး

(နိုင်ငံတကာ) အောက်တိုဘာ ၉ အမေရိကန် ဖလော်ရီဒါဖက်ကိုဝင်မဲ့ စူပါတိုင်ဖုန်းသည် တနာရီမိုင် (၁၈၀)ခန့်ရှိလာနိုင်သည့်အတွက် ကျွမ်းကျင်ပညာရှင်တွေက အရင်မရှိဘူးသေးလို့ Cat -6 အဆင့်လို့သတ်မှတ်ထားကြောင်း သိရသည်။ ပုံမှန်က Cat-5…

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဖောက်ခွဲဖျက်ဆီးရန် လာရောက်သည့် အကြမ်းဖက်သမား တစ်ဦးအား ပစ်ခတ်ဖမ်းဆီး

(ပြည်တွင်း) အောက်တိုဘာလ ၉ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ပုဂံသွားကားလမ်းပေါ်၌ အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် လက်လုပ်မိုင်းများ သယ်ဆောင်လာသည့် အကြမ်းဖက်သမား တစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည်…