အရပ်သားပြည်သူနှစ်အား အကြမ်းဖက် PDF အဖွဲ့မှ ဒလန်အမည်တပ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်


(ပြည်တွင်း) အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၏ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာ တံတားဦးမြို့နယ်၊ သပွတ်ပင်ကျေး ရွာ၏မြောက်ဘက် ရွာဝင်လမ်းအနီးတွင် ယမန်နေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်က အမျိုးသား ၂ ဦး သေဆုံးလျက်တွေ့ရှိရကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

အခင်းဖြစ်ပွားသည့်နေရာတွင် တံတားဦးမြို့နယ်၊ သပွတ်ပင်ကျေးရွာနေသူများဖြစ်သည့် နန်းထွေးအောင်၊ အသက် ၃၅ နှစ်၊ (ဘ)ဦးအောင်ညိမ်းနှင့် ဖိုးအောင်(ခ)အောင်ကျော်ထူး၊ အသက် ၃၅ နှစ်၊ (ဘ)ဦးကံထူး တို့တွင် လည်ပင်းပြတ်လု/ပြတ်ရှဒဏ်ရာ ၁ ချက်စီတို့ဖြင့် သေဆုံးနေကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် အမည်မသိ အကြမ်းဖက်သမားများမှ ဆိုင်ကယ်များဖြင့် သပွတ်ပင်ကျေး ရွာအနီးသို့ ရောက်ရှိလာပြီး သေဆုံးသူ ၂ ဦးအား ဆင်တဲကျေးရွာနှင့် သပွတ်ပင်ကျေးရွာ ဝင်/ထွက် တံတားဘက်သို့ လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူ ၂ ဦးမှာ သာမန်အရပ်သားများဖြစ်ပြီး အကြမ်းဖက်များ PDF က ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ​​ဒေသခံရွာသားများ၏ ပြောကြားချက်အရ သိရသည်။။

Telegram»…
https://t.me/positiveanglenews

PAN