အကြမ်းဖက် PDF အဖွဲ့ က ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် တစ်ဦးနှင့် ပါတီဝင် တစ်ဦးတို့အား သတ်ဖြတ်


(ပြည်တွင်း) အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် တစ်ဦးနှင့် ပါတီဝင် တစ်ဦးတို့အား အကြမ်းဖက် PDF အဖွဲ့ က သတ်ဖြတ်လိုက်ကြောင်း သိရသည်။

အောက်တိုဘာ ၆ ရက်နေ့က အ​ကြမ်းဖက် PDF များမှ ကျောက်ပန်းတောင်းမြို့နယ်၊ ခွေးတောက်ကုန်းကျေးရွာအုပ်စု၊ လယ်ယားကျေးရွာနေ ဦးစောဌေးအောင်၊ အသက် ၅၇ နှစ်၊ (ဘ)ဦးကျော်ရှိန်(ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်)အားလည်းကောင်း၊ အောက်တိုဘာ ၇ ရက်နေ့က နတ်လည်ကန်ကျေးရွာနေ ဦးကျော်မြင့်၊ အသက် ၅၆ နှစ်၊(ဘ)ဦးဘိုရှိန်(ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး)(ပြည်ခိုင်ဖြိုးပါတီဝင်)အားလည်းကောင်း ဖမ်းဆီးသွားပြီး အကြမ်းဖက် PDF များက ၂ ဦးစလုံးအား သတ်ဖြတ်လိုက်ကြောင်း သိရသည်။

ထိုသို့ သတ်ဖြတ်ပြီးနောက် အကြမ်းဖက် PDF များက ဦးစောဌေးအောင်၏ အလောင်းအား စပါးတဲကျေးရွာ သုဿန်တွင်လည်းကောင်း၊ ဦးကျော်မြင့်၏ အလောင်း အား ဒီးဒုတ်ကုန်းကျေးရွာ သုဿန်တွင်လည်းကောင်း မြုပ်နှံလိုက်ကြကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN