ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ


(မှုခင်း) အောက်တိုဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ လောက်တန်(ခ)လောက်စန်၏ နေအိမ်အား အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီအချိန်ခန့်က
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀ ကိုသိမ်းစီးရမိကြောင်း သိရှိရသည်။

ထိုပြင် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရပ်စောက်မြို့ ဗထူးရပ်ကွက် ကျောက်ဂူ-ရပ်စောက်သွား ကားလမ်းတွင် နိုင်ကိုထက် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀၀ ကိုလည်းကောင်း၊ အလားတူ နံနက် ၅ နာရီတွင် မိုင်းဆတ်မြို့နယ် မယ်နင်ကျေးရွာအုပ်စု မယ်နင်ကျေးရွာအနီးတွင် ခါးကျင် မောင်းနှင်ပြီး ရှာမွေ လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတိုအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN