ရုရှားနှင့်တရုတ်စစ်ရေယာဉ်များက ပစိဖိတ်သမုဒ္ဒရာအတွင်း ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ပူးတွဲစစ်ရေး လေ့ကျင့်


(နိုင်ငံတကာ) အောက်တိုဘာ ၉

ရုရှားနိုင်ငံနှင့်တရုတ်နိုင်ငံတို့မှ စစ်ရေယာဉ်များက ပစိဖိတ်သမုဒ္ဒရာအတွင်း၌ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ကြောင်း ရုရှားသတင်းဌာနများက အောက်တိုဘာလ ၈ ရက်တွင် ဖော်ပြထားသည်။

ထိုစစ်ရေးလေ့ကျင့်ခန်းကို အာရှ-ပစိဖိတ်ဒေသအတွင်း ပူးတွဲကင်းလှည့်မှုလုပ်ငန်း၏တစ်စိတ်တစ်ပိုင်းအဖြစ် ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်း၌ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှစ်နိုင်ငံစလုံးမှ စစ်ရေယာဉ်များသည် စက်တင်ဘာလတွင် ဆောင်ရွက်ခဲ့သော Beihu/Interaction 2024 ပူးတွဲ ကင်းလှည့်မှု လုပ်ငန်းကိုလုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ရုရှားပစိဖိတ်ရေယာဉ်စု၏ထုတ်ပြန်ချက်ကို ကိုးကား၍ Interfax သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

ပူးတွဲကင်းလှည့်မှုလုပ်ငန်းများဆောင်ရွက်မှုအတွင်း အမျိုးမျိုးသောလေ့ကျင့်ရေးလုပ်ငန်းများနှင့်တိုက်ပွဲဝင် လေ့ကျင့်ရေးလုပ်ငန်းများအပြင် ရေငုပ်သင်္ဘောရန်မှ ကာကွယ်ရေးနှင့်စစ်ရေးလေ့ကျင့်ခန်းလုပ်ဆောင်မှုတို့ တွင် ရုရှား၏ပစိဖိတ်ရေယာဉ်စုမှ ရေငုပ်သင်္ဘောတိုက်ခိုက်ရေးဖျက်သင်္ဘောများ၊ တရုတ်ရေတပ်မှ ဖျက်သင်္ဘော များ နှင့်ဖရီးဂိတ်စစ်ရေယာဉ်အပြင် ထောက်ပံ့ရေးသင်္ဘောတစ်စင်းတို ပါဝင်ကြောင်း TST သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN