ချင်းတွင်းမြစ်ကြက်မွှေးဆိပ်ကမ်းတွင် ဈေးဝယ်လာသည့်လူငယ် ၁ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ပြီး မြစ်ထဲမျှောခဲ့ကြောင်း မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ


(ပြည်တွင်း) အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ် ၈ သုခဝတီရပ်ကွက်၊ ချင်းတွင်းမြစ်ကြက်မွှေး ဆိပ်ကမ်းတွင် ဈေးဝယ်လာသည့်လူငယ် ၁ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင် များက ဖမ်းဆီးသတ်ဖြတ်ပြီး မြစ်ထဲမျှောခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ PDF အမည်ခံအကြမ်းဖက်သမားများသည် အဆိုပါမြို့နယ်များအတွင်း ဆက်ကြေး ကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းများ မကြာခဏလုပ်ဆောင်လေ့ရှိကြောင်း၊ ထို့အပြင် ၎င်းတို့၏လုပ်ရပ်များကို အားပေးထောက်ခံမှုမရှိသူများအား ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ကျူးလွန်လျက်ရှိကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ ၏ လုပ်ရပ်များအားဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲစေရန်အတွက် အထောက်အထားမရှိသည့် လုပ်ကြံသတင်းများကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည။

Telegram»…
https://t.me/positiveanglenews

PAN