KNLA+PDF အကြမ်းဖက်အဖွဲ့များမှ ကျောက်ကြီးမြို့နယ်၌ အများပြည်သူ အသုံးပြုသော လမ်းများတွင်ဗုံးထောင်ထားသဖြင့် ပြည်သူအများနင်းမိရာမှ ဗုံးလေးလုံးပေါက်ကွဲခဲ့ရ ပြည်သူများထိခိုက်ပြင်းထန်ဒဏ်ရာရ

(ပြည်တွင်း) အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ကျောက်ကြီးမြို့နယ် ၊ မုန်းဒေသတွင် အကြမ်းဖက်အဖွဲ့များမှ အများပြည်သူသွားလာနေသော လမ်းများတွင် မိုင်းများထောင်ထားရာမှ လယ်ယာလုပ်ကိုင်နေကြသော ပြည်သူများ မိုင်းကွဲ၍ ထိခိုက်ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၈း၁၅ မိနစ် အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာအုပ်စု၊ ရေအိုးစဥ်ကျေးရွာနေ ဦးအောင်မြင့် (၆၀)နှစ်သည် မုန်းကျေးရွာ၊ အမှတ်(၄) ရပ်ကွက်၊ အနောက်ဘက်ရှိ ၎င်းပိုင်ဆိုင်လုပ်ကိုင်သော မြေပဲစိုက်ခင်းသို့ ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့စဥ် အကြမ်းဖက် KNLA +PDF ပူးပေါင်းအဖွဲ့မှထောင်ထားသော မိုင်း(၁)လုံးအားနင်းမိခဲ့ရာမှပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်မှာပျက်စီးသွားခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း၊ နံနက် ၈း၂၀ မိနစ်ချိန်ခန့်တွင်လဲ မုန်းကျေးရွာ၊ အမှတ်(၄)ရပ်ကွက်နေသူ ဒေါ်စန်းဋ္ဌေး(၄၅) နှစ်၊တောင်သူသည် ( ၄)ရပ်ကွက် သုဿာန်လမ်းဘေးရှိ မြေပဲစိုက်ခင်းသို့ ဆိုင်ကယ်ဖြင့်သွားစဉ် သုဿာန်အနီးအရောက်တွင် မိုင်း(၁)လုံးအားနင်းမိခဲ့ရာမှ ပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်စန်းဌေးတွင် ဝဲခြေသလုံး၊ ဝဲပေါင်၊ ယာတင်ပဆုံ၊ ယာတံတောင်ဆစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ၈း၂၅ အချိန်ခန့်တွင်ဒေါ်စန်းဋ္ဌေး မိုင်းထိမှန်နေရာသို့ ၎င်း၏အစ်ကိုဖြစ်သူ တစ်ရပ်ကွက်တည်းနေသူ ဦးစိုးလှိုင် (၅၄) နှစ်၊တောင်သူနှင့် ဦးလှမြင့် (၆၄)နှစ်၊ (ဘ)ဦးကံညွန့်၊တောင်သူတို့ (၂)ဦးမှ ကယ်ဆယ်ရန်ဆိုင်ကယ်ဖြင့် သွား ရောက်ကြည့်ရှုစဥ် ၎င်းနေရာအနီးအရောက် မိုင်း(၁)လုံးအားနင်းမိကာ ထပ်မံပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်မှာပျက်စီး၍ ဦးစိုးလှိုင်တွင် ဝဲ/ယာလက် ကောက်ဝတ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ၊ ဦးလှမြင့် တွင် ဝဲလက်ကောက်ဝတ်မိုင်းစထိမှန်ဒဏ်ရာများတိို့ရရှိခဲ့ကြောင်း၊ ၈း၄၅ အချိန်ခန့်တွင်လဲ ဦးစိုးလှိုင်၏ တူဖြစ်သူ တစ်ရပ်ကွက်တည်းနေ ဦးဝင်းသန်း (ခ)ဦးမဲ (၃၈)နှစ်၊ တောင်သူမှ ဦးစိုးလှိုင်၏ဆိုင်ကယ်အား ယူဆောင်ရန် ဆိုင်ကယ်ဖြင့် သွားရောက်ကြည့်ရှုစဥ် အမှတ်(၄) ရပ်ကွက်၊ ရှမ်းပိုင်း အ.လ.က (ခွဲ)ကျောင်း အနောက်ဘက်အရောက်တွင် မိုင်း(၁) လုံးအားနင်းမိ ပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်ပျက်စီးခဲ့ပြီး ဦးဝင်းသန်း(ခ) ဦးမဲ တွင် ဝဲမျက်လုံး၊ ဝဲလက်ဖျံတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဥ်ကြောင့် ဒဏ်ရာရရှိသူများအနက်မှ ဦးဝင်းသန်း(ခ)ဦးမဲနှင့် ဒေါ်စန်းဌေးတို့သည် ဆေးကုသမှုခံယူရန်အတွက် မုန်းကျေးရွာမှထွက်ခွာခဲ့ရာ ဦးဝင်းသန်း (ခ)ဦးမဲသည် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ရောက်ရှိကာဆေးကုသမှုခံယူနေရပြီး ၊ ဒေါ်စန်းဌေးမှာဒဏ်ရာပြင်းထန်သဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ရောက်ရှိခဲ့ပြီး ဦးစိုးလှိုင် နှင့်ဦးလှမြင့် တို့( ၂)ဦးမှာ ရရှိဒဏ်ရာ ပြင်းထန်ခြင်းမရှိ၍ ၎င်းတို့၏နေအိမ်များ၌သာ ဆေးကုသလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

#PAN