အထည်ချုပ် စက်ရုံ ဖယ်ရီးကား အုတ်တံတိုင်းကို တိုက်မိပြီး တိမ်းမှောက်၊ သေဆုံးမှုများ ရှိဟုဆို


(မှုခင်း) အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပြည်လမ်း၊ သန္ဓေပင်ကျေးရွာ၊ အသုံးလုံး မှတ်တိုင်အနီးတွင် ယမန်နေ့ညနေ ၆ နာရီ ၄၉ မိနစ်အချိန်ခန့်က အထည်ချုပ် စက်ရုံ ဖယ်ရီးကား တစ်စီးအုတ်တံတိုင်းအား တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ နယ်မြေခံ လူမှုကူညီရေးအသင်းများ ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်လျက်ရှိရာ ယာဉ်ပေါ်ပါသူများအနက် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးမှုများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၂ ဦး၊ အမျိုးသမီ ၈ ဦးတို့အား မေတ္တာမြိုင်လူမူအသင်းကား၊ စေတနာမွန်လူမူရေးအသင်းကား၊ မြို့မလူမူရေးအသင်းကား၊ မြင့်မြတ်လူမူရေးအသင်းကားနှင့် မဇ္ဇိုမလှိုင်းလူမူရေးအသင်း လူနာတင်ယာဉ်များဖြင့် မှောဘီမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN