သန်ခေါင်စာရင်းကောက်ယူနေသည့် ဆရာမအဖွဲ့အား အကြမ်းဖက်PDFအဖွဲ့မှ ဝါးစိမ်းတုပ်ဖြင့် ရိုက်နှက်


(ပြည်တွင်း)အောက်တိုဘာ ၈


မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာမြို့နယ်၊သံဘိုကျေးရွာအုပ်စု၊နဘဲကျေးရွာ၌ သန်းခေါင်စာရင်းကောက်ယူလျက်ရှိသည့်အဖွဲ့အားအကြမ်းဖက်PDFအဖွဲ့မှ ဝါးစိမ်းတုပ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက်၉နာရီအချိန်ခန့်က ဒေါ်အိအိငြိမ်း(လ/ထမူပြ) ဦးဆောင်သည့် အဖွဲ့အား နဘဲကျေးရွာအဝင်၌ လက်နက်များ ကိုင်ဆောင်ထားသည့် အကြမ်းဖက် အမျိုးသား ၄ဦးမှ ဟန့်တားခဲ့ကြောင်း၊၎င်းနောက် အကြမ်းဖက် သမားများမှ ဝါးစိမ်းတုတ်ဖြင့် သန်းခေါင်စာရင်းကောက်အဖွဲ့တွင် လိုက်ပါလာသူများအား ၁ဦးလျှင် ၆ချက်စီရိုက်နှက်ခဲ့ပြီး အသုံးပြုသည့် ပစ္စည်းများအား ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် Tablet ၂ လုံး၊Stick ၁ခု၊ Power Bank ၃ခုတို့အား အကြမ်းဖက်သမားများမှယူဆောင်သွားပြီး နဘဲကုန်းကျေးရွာမြောက်ဘက်ရှိ ကျောက်ပန်းတောင်းနှင့်မလှိုင်မြို့နယ်အစပ်သို့ ထွက်ခွာသွားကြောင်း သိရသည်။

#PAN