ဘိုကလေးမြို့၊ သုစိတ္တဆန်စက်ဝန်း ညစောင့်ဝန်ထမ်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ


(မှုခင်း) အောက်တိုဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ သုစိတ္တဆန်စက်ဝန်းအတွင်းရှိ သွပ်ပြားပုံတွင် ယနေ့နံနက် ၇ နာရီအချိန်ခန့်က ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသော လူတစ်ဦး၏ရုပ်အလောင်းအား တွေရှိရကြောင်း သိရသည်။

အဆိုပါသေဆုံးသူသည် သုစိတ္တဆန်စက်ဝန်းတွင် ညစောင့်ဝန်ထမ်းဖြစ်သူ ဦးစိုးဝေ၊ အသက် ၆၄ နှစ်ဖြစ်ပြီး၊ လည်ပင်းထိုးသွင်းဒဏ်ရာ ၃ ချက်၊ ရင်ဘတ်ထိုးသွင်းဒဏ် ၃ ချက်တို့ဖြင့် ဆန်စက်ဝန်းတွင်းရှိ သွပ်ပြားပုံအတွင်း သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာတာဝန်ရှိသူများထံ အကြောင်းကြားခဲ့ပြီး၊ မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်၍ တရားခံအားဖမ်းစီးရမိအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ‌‌ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN