ပုန်းရည်ကြီးရဲ့ ကျန်းမာရေး ကောင်းကျိုးများ

(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၉

     PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ပုန်းရည်ကြီးရဲ့ ကျန်းမာရေး ကောင်းကျိုးများ အကြာင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    ပုန်းရည်ကြီစစားခြင်းက ခုခံအားကို တိုးစေပါတယ်။ Essential amino acids တော်တော်များများ ပါဝင်တဲ့အပြင် အအေးမိ၊ နှာစေးဖြစ်ပေါ်ခြင်းကို တိုက်ဖျက်နိုင်တဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်ခုခံအားကို တိုးစေပါတယ်။

      ပုန်းရည်ကြီးမှာ antioxidants ကြွယ်ဝစွာပါဝင်တာကြောင့် free radicals တွေကြောင့် ကျန်းမာရေး ထိ ခိုက်ခြင်း၊ နာတာရှည်ရောဂါတွေ ဥပမာ ရင်သား၊ အူမကြီး၊ ဆီးကျိတ်၊ အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေလျှော့ကျစေနိုင်ပါတယ်။

      ဒါ့အပြင် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်မှုကြောင့် အစာခြေလွယ်စေပြီး အူထဲမှာ ကျန်းမာရေးကိုအကျိုး ပြုတဲ့ probioticsတွေသိုလှောင်ပေးနိုင်ပါတယ်။ အစာ ခြေလမ်းကြောင်းမှာ အစာချေဖျက်လွယ်စေဖို့ ကူညီနိုင်ပါတယ်။

       ခန္ဓာကိုယ်အတွက် မကောင်းတဲ့ကိုလက်စထရောတွေလျော့ကျစေတာကြောင့် နှလုံးရောဂါနဲ့ ရုတ် တရက် လေဖြတ်ခြင်းဖြစ်ပွားမှု လျော့နည်းစေပါတယ်။ ပုန်းရည်ကြီးမှာ Vitamin B ကြွယ်ဝစွာပါဝင်ပြီး အထူးသဖြင့် Vitamin B12 ပါဝင်ခြင်းကြောင့် ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

       ပုန်းရည်ကြီးစားခြင်းက ဝိတ်ကျစေပါတယ်။ ကာ ဗွန်ဟိုက်ဒရိတ်နဲ့ သကြားပါဝင်မှုနည်းပါးစေပြီး အဆီလျော့ကျစေတာကြောင့် ဝိတ်တက်မှုကိုထိန်းထားနိုင်ပါတယ်။ အစာစားချင်စိတ်ကိုလည်း ထိန်းထားပေး နိုင်ပါတယ်။

#PAN