ဂျပန်နိုင်ငံမှာ မြန်မာလုပ်သားများ သွားရောက်လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းသစ် တစ်မျိုးထပ်တိုးလာ


(ပြည်တွင်း) အောက်တိုဘာ ၈

ဂျပန်နိုင်ငံရဲ့ မြန်မာလုပ်သားခေါ်ယူတဲ့ အစီအစဉ်မှာ နည်းပညာအလုပ်သင် သင်တန်းသားအစီအစဉ်ဖြင့် လာရောက်လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းအမျိုးအစားအသစ်တစ်မျိုးကို ထပ်မံဖြည့်စွက်ခဲ့ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ တိုကျိုမြို့ရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

အဆိုပါအစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ နည်းပညာအလုပ်သင် သင်တန်းသားများ ခေါ်ယူလျက်ရှိသည့် လုပ်ငန်း အမျိုးအစားများအနက် ယခုအခါ Agriculture and Forestry လုပ်ငန်းနယ်ပယ်တွင် အခွင့်အလမ်း သစ်တစ်ခုအဖြစ် သစ်တောကဏ္ဍလုပ်ငန်းအမျိုးအစားအသစ်တစ်မျိုးကို ထပ်မံဖြည့်စွက်လိုက်တာဖြစ်ပါတယ်။

လုပ်ငန်းပိုင်းအနေဖြင့် သစ်တောစိုက်ပျိုးထိန်းသိမ်းမှုအပိုင်းနှင့် သစ်ထုတ်လုပ်မှုအပိုင်း (Silviculture/ Production of Logs) တိုဖြစ်ပြီး အမျိုးသား လုပ်သားများအတွက် ဦးစားပေးရွေးချယ်မည့် လုပ်ငန်းမျိုးဖြစ်ကြောင်းကို ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီများထံမှ သိရပါတယ်။

လက်ရှိမှာ ဂျပန်နိုင်ငံအနေဖြင့် ဆောက်လုပ်ရေး၊ အထည်ချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသောက်ကုန်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်းများအတွက် အများဆုံး ခေါ်ယူနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN