အမြင်အာရုံ အားကောင်းစေတဲ့ အစားအစာများ

(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၈

     PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ အမြင်အာရုံ အားကောင်းစေတဲ့ အစားအစာများ အကြာင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    ကိုက်လန်မှာ antioxidants lutein နဲ့ zeaxanthin တွေပါဝင်တာကြောင့် super food လို့ တင်စားကြပါတယ်။ ကိုက်လန်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီးပါဝင်တာကြောင့် အမြင်အာရုံ ကောင်းမွန်စေတဲ့ အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။

       Vitamin C အဓိက ပါဝင်တဲ့ လိမ္မော်သီးဟာ မျက်လုံးက သွေးကြောတွေကို အများကြီးအထောက် အကူပြုစေတာကြောင့် အမြင်အာရုံကျန်းမာစေပါတယ်။

       Salmon ကဲ့သို့ငါးမျိုးမှာ အိုမီဂါသရီးပါဝင်တာကြောင့် မျက်သားခြောက်သွေ့ခြင်း၊ မျက်ကြည်လွာနဲ့ မျက်လုံးကျန်းမာရေးအတွက် အများကြီး အထောက် အကူပြုပါတယ်။

       မုန်လာဥနီမှာ vitamin A နဲ့ beta carotene ပါဝင်တာကြောင့် အမြင်အာရုံအားကောင်းဖို့ အများကြီးအထောက်အကူဖြစ်စေပါတယ်။

      ကြက်ဥမှာ vitamin A, lutein, zeaxanthin, နဲ့ zinc ကဲ့သို့ ဓာတ်တွေပါဝင်တာကြောင့် အမြင်အာရုံအတွက် အထူးကောင်းမွန်စေပါတယ်။

      ဒါ့အပြင် နို့ထွက်ပစ္စည်းတွေကလည်း အမြင်အာရုံအတွက် ကောင်းစေပါတယ်။ နို့နဲ့ ဒိန်ချဥ်မှာ zinc နဲ့ vitamin A ပါဝင်တာကြောင့် အမြင်အာရုံကို အား ကောင်းစေပါတယ်။

      ဗံဒါစေ့မှာ vitamin E ပါဝင်တာကြောင့် အခြားသောအစေ့အဆံနဲ့ အခွံမာသီးတွေလိုပဲ မျက်လုံးအား ကောင်းစေပါတယ်။ အမြင်အာရုံကျန်းမာရေးကိုလည်း အထောက်အကူပြုစေပါတယ်။

#PAN