အစ္စရေးက ဂါဇာရှိ ဗလီတစ်ခုနှင့်ကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ ၂၆ ဦးသေဆုံးပြီး ၉၃ ဦးဒဏ်ရာရ


(နိုင်ငံတကာ) အောက်တိုဘာ ၇

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရှိ ဒုက္ခသည်များနေထိုင်ရာ ဗလီတစ်ခုနှင့်စာသင်ကျောင်းတစ်ကျောင်း တိုကို အောက်တိုဘာလ ၆ ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ရာ အနည်းဆုံး လူ ၂၆ ဦး သေဆုံးပြီး ၉၃ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

အစ္စရေးစစ်ဘက်က ၎င်းတို့အနေဖြင့် အဆိုပါ ဗလီနှင့် စာသင် ကျောင်းအတွင်းမှနေ၍ ကွပ်ကဲမှုများ ဆောင်ရွက်နေသည့် ဟားမတ်စ်အကြမ်းဖက်သမားများအပေါ် တိကျသော တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့သော် ဟားမတ်စ် အဖွဲ့က ၎င်းတို့အနေဖြင့် ဗလီများ၊ စာသင်ကျောင်းများနှင့် ဆေးရုံတိုကဲ့သို့ အရပ်ဘက် အဆောက်အဦများကို ကွပ်ကဲမှုနေရာများအဖြစ် အသုံးချခြင်း မရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် အစ္စရေး တပ်ဖွဲ့များသည် ပြီးခဲ့သည့် ၄၈ နာရီအတွင်း ဂါဇာဒေသတစ်ဝန်းရှိ အိမ် ၂၇ လုံး၊ စာသင်ကျောင်းများနှင့် ဒုက္ခသည် စခန်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့တယ်လို့ ဂါဇာအစိုးရအဖွဲ့က အောက်တိုဘာလ ၆ ရက်တွင် ထုတ်ပြန် ထားကြောင်း RTA သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN