ယူကရိန်းဘက်က ဝင်ရောက်တိုက်ခိုက်နေတဲ့ ရုရှား အတိုက်အခံအစိုးရဆန့်ကျင်သူ သေဆုံး


(နိုင်ငံတကာ) အောက်တိုဘာ ၇

ယူကရိန်းစစ်တပ်ဘက်မှ ဝင်ရောက်တိုက်ခိုက်နေသည့် ရုရှားနာမည်ကြီး အတိုက်အခံ အစိုးရဆန့်ကျင်သူတစ်ဦး သေဆုံးသွားကြောင်းသိရသည်။

Ildar Dadin အမည်ရှိ အစိုးရဆန့်ကျင်သူသည် ယူကရိန်းအရှေ့မြောက်ပိုင်း Kharkiv ဒေသတွင်သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များကဆိုသည်။

Ildar Dadin အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ မကြာမကြာလုပ်ဆောင်ခဲ့သူဖြစ်ပြီး ရုရှား၏ တည်ဆဲဥပဒေများအား ထပ်ထာတလဲလဲ ချိုးဖောက်ခဲ့သူတစ်ဦးဖြစ်ကြောင်းသိရသည်။

Dadin က ယူကရိန်း စေတနာ့ဝန်ထမ်းတပ်ရင်းတွင် ပါဝင်ခဲ့ပြီး ရုရှားအား ပြန်လည် တိုက်ခိုက်ခဲ့သည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်ပြီး အကြောင်းအရာတိတိကျကျကို ထုတ်ပြန်ထားခြင်းမရှိပဲ ပြည်ပရောက် ရုရှားအတိုက်အခံများက အတည်ပြုခြင်းကြောင့်သာ သေဆုံးကြောင်း သတင်းများပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN