မိုင်းဖြတ်မြို့နယ်မှာ ရေကြီး၊ ရေလျှံမှုကြောင့် တံတားနှင့် ရေအားလျှပ်စစ်လုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့ရ


(ပြည်တွင်း) အောက်တိုဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်-မိုင်းခုတ်-မိုင်းဆက် ဆက်သွယ်ထား တဲ့တံတားမှာ ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့ရပြီး ကားများသွားလာ၍ မရတော့ဘဲ နမ့်လုံချောင်းပေါ်ရှိ ကန်လုံ ပုဂ္ဂလိကရေအားလျှပ်စစ်စက်ရုံမှာလည်း ထိခိုက်မှုအချိုရှိခဲ့ခြင်းကြောင့် လျှပ်စစ်မီးမဖြန့်ဝေနိုင် သေးကြောင်း သိရပါတယ်။

စက်တင်ဘာလ ၁၀ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်လုံချောင်းရေ မြင့်တက်လာပြီး နောက် မိုင်းဖြတ်မြို့နယ်ရှိ မိုင်းဖြတ်-မိုင်းခုတ်-မိုင်းဆက်သို့ ဆက်သွယ်ထားတဲ့ တံတားအမှတ် (၂/၉၅)၊ ဘေလီတံတား ပေ ၆၀၊ ၄ ခန်း၊ ရေလည်တိုင် ၃ တိုင်အနက် အလယ်ရေလယ်တိုင်(P2)၊ ၁၅ ဒီဂရီခန့် တိမ်းစောင်းသွားခဲ့ ရပြီး ဆိုင်ကယ်နှင့် လူများသာ ဖြတ်သန်းခွင့်ပြုတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN