ဗီလာရီးရဲလ်အသင်းနှင့်ပွဲမှာ ရီးရဲလ်အသင်းရဲ့ကစားသမားနှစ်ဦးအထိ ဒဏ်ရာရရှိခဲ့


(အားကစား) အောက်တိုဘာ ၇

ဗီလာရီးယဲလ်အသင်းနှင့်ပွဲမှာ ရီးရဲလ်အသင်း ကစားသမားနှစ်ဦးဖြစ်တဲ့ ညာနောက်ခံလူ ဒန်နီကာဗာဟယ်လ် ဟာ ဒူးဒဏ်ရာရရှိခဲ့သလို တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဂျူနီယာ ကလည်း ပခုံးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၅ ရက်က ဘာနေဗျူးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်အသင်းက ဗီလာရီးရဲလ်အသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရပေမယ့် အဓိကကစားသမားနှစ်ဦး ဒဏ်ရာပြဿနာ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။

စပိန်လက်ရွေးစင်ကစားသမား ကာဗာဟယ်လ် က ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဘောလုံးကို ကန်ထုတ်ရန် ကြိုးပမ်းစဉ် ပြိုင်ဘက်ကစားသမား ယယ်ရီမီပီနို ရဲ့ဟန့်တားမှုကြောင့် ယာဘက်ဒူးဒဏ်ရာရရှိသွားပြီး ထမ်းစင်ဖြင့် သယ်ထုတ်သွားခဲ့ရပါတယ်။

ဘရာဇီးကစားသမား ဗင်နီစီယပ်စ် ကလည်း ပခုံးဒဏ်ရာကြောင့် ၇၉ မိနစ်မှာ လူစားလဲခဲ့ရပြီး ပြင်းထန်မှုရှိမရှိကိုတော့ စစ်ဆေးရမယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN