ဒေါက်တာဇော်မြင့်မောင် လွတ်ငြိမ်းချမ်းသာခွင့်ရသော်လည်း ကွယ်လွန်

(ပြည်တွင်း) အောက်တိုဘာ ၇

ထောင်ဒဏ် ၂၉ နှစ်ကျခံနေသည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သော်လည်း ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် အဂတိလိုက်စားမှု၊ အများပြည်သူအကျိုး ပျက်စီးစေမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံဥပဒေချိုးဖောက်မှု၊ ရွေးကောက်ပွဲမသမာမှု၊ ရွေးကောက်ပွဲအပေါ် မလျော်ဩဇာသုံးမှု စသည့်အချက်များဖြင့် ထောင်ဒဏ် ၂၉ နှစ် ကျခံနေခြင်းဖြစ်သည်။

သွေးကင်ဆာရောဂါ ဝေဒနာခံစားနေရသူဒေါက်တာဇော်မြင့်မောင်အား ယမန်နေ့ နေ့လည်ပိုင်းက မန္တလေးပြည်သူဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်(ICU)တွင် သက်ဆိုင်ရာမှ လွတ်ငြိမ်းချမ်းသာခွင့်လာရောက်ပေးသွားခဲ့သည်ဟုလည်း သိရပြီး ယခု၎င်းကွယ်လွန်ချိန်တွင် အသက်(၇၂)နှစ်အရွယ်ရှိပြီဖြစ်သည်။

ရွေးကောက်ပွဲမသမာမှုများစွာကျူးလွန်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်သည် ယနေ့ အောက်တိုဘာ (၇)ရက် နံနက်(၃) နာရီတွင် ကွယ်လွန်ခဲ့ကြောင်းသိရပြီး ​ဒေါက်တာ​ဇော်မြင့်​မောင်၏ body ကို ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်ကန် ၃ လမ်းရှိ ၄င်း၏ ဖခင်အိမ်သို့သယ်​ဆောင်သွားပြီဖြစ်​ကြောင်း ​သိရသည်။