ထိုင်းနိုင်ငံ၏ (၁၅) ဦးမြောက် ရဲချုပ်ရွေးချယ်ခန့်အပ်

(နိုင်ငံတကာ) အောက်တိုဘာ ၇

     လစ်လပ်နေသေ  ထိုင်းနိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ်အသစ်ရာထူး တာဝန်ထမ်းဆောင်မည့် ဒုတိယ ရဲဗိုလ် ချုပ်ကြီးတစ်ဦးအား ယနေ့ အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းက ရွေးချယ်ခန့်အပ်ခဲ့ကြောင်း သိရသည်။

       အဆိုပါ ထိုင်းရဲချုပ်ရာထူးရွေးချယ်မှုကို ဘန် ကောက်မြို့၊ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်ထန် ရှင်နာဝပ်က ဒုတိယ ရဲဗိုလ်ချုပ်ကြီး (၃) ဦးအနက်က ဒု/ရဲဗိုလ်ချုပ်ကြီး ကစ်လတ် ဖန်ဖင်ကို ရဲချုပ်တာဝန်ထမ်းဆောင်ရန် အစည်း အဝေးတွင် အဆိုပြုတင်သွင်းခဲ့ကြောင်း သိရသည်။

       အစည်းအဝေးတွင် ထိုင်းဝန်ကြီးချုပ်၏ အဆိုပြုမှုနှင့်ပတ်သက်၍ ကန့်ကွက်မည့်သူမရှိသဖြင့် ဒုတိယရဲဗိုလ်ချုပ်ကြီး ကစ်လတ်ဖန်ဖင် အား ထိုင်းရဲချုပ်ရာထူးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     ယခင်က ထိုင်းရဲချုပ်(ဟောင်း)သည် ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့က သက်ပြည့် ပင်စင်ဖြင့်အနားယူသွား၍ လစ်လပ်နေသည့်ထိုင်းရဲချုပ်ရာထူးအား  ယနေ့ အောက်တိုဘာ ၇ ရက်တွင် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး၊ ရွေးချယ်ခံရသည့် ကစ်လတ်ဖန်ဖင်မှာ ထိုင်းနိုင်ငံ၏ (၁၅) ဦးမြောက် ရဲချုပ်ဖြစ်လာသည်။

#PAN