စိန်ပီတာကျောင်းသားဟောင်းတစ်ယောက်အနေဖြင့် အကိုကြီး၏ နောက်ဆုံးခရီးစဉ်တွင် လာရောက်ဂါရဝပြုနှုတ်ဆက်ကန်တော့တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်ပြော


(ပြည်တွင်း) အောက်တိုဘာ ၇

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၏ ဒုတိယ ဥက္ကဋ္ဌ(ဟောင်း) ဒေါက်တာဇော်မြင့်မောင် ၏ နာရေးသို့ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့သွားရောက်ကြည့်ရှု့ခဲ့သော မန္တလေးတိုင်းဝန်ကြီးချုပ်မှ “စိန်ပီတာကျောင်းသားဟောင်းတစ်ယောက်အနေဖြင့် အကိုကြီး၏ နောက်ဆုံးခရီးစဉ်တွင် လာရောက်ဂါရဝပြုနှုတ်ဆက်ကန်တော့ပါတယ်ခင်ဗျာ။ မျက်နှာကြည်လင်စွာဖြင့် ဘဝကူးသွားသည့်အတွက်မြင့်မြတ်သောဘုံဘဝကို ရောက်ရှိသွားပြီးဖြစ်ကြောင်း ယုံကြည်ပါတယ်ခင်ဗျာ” ဟု နာရေးမှတ်တမ်းစာအုပ်တွင်ရေးသားခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်းတွေအရ သိရသည်။

အသက် ၇၂ နှစ် အရွယ်ရှိသည့် ဒေါက်တာဇော်မြင့်မောင်မှာ မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ပြင်ပလူနာဌာန၊၁၀ ထပ်ဆောင်၊(၅)လွှာရှိ အထူးကြပ်မတ်ဆောင် (ICU) တွင် သွေးကင်ဆာရောဂါဖြင့် ဆေးကုသမှုခံယူနေရာမှ ယနေ့ နံနက် ၃ နာရီအချိန်ခန့်၌ ယင်း ရောဂါဖြင့်သေဆုံးသွားခြင်းဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၆-၁၀-၂၀၂၄ ရက်နေ့ ရက်စွဲပါစာအမှတ်၊၁၀၂(၁)/၈/ကောင်စီ (၂ဝ၂၄)ဖြင့် ပြစ်ဒဏ်များအပေါ် လျော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြု ခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်၏နာရေးပို့ဆောင်မှုအား(၈.၁၀.၂၀၂၄) အဂ်ါနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျွဲဆည်ကန်(၃)လမ်းနေအိမ်မှ တောင်အင်းမြောက်အင်းသုသာန်သို့ ပို့ဆောင်သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN