အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန်နိုင်ငံသို သွားရောက်မည်


(နိုင်ငံတကာ) အောက်တိုဘာ ၆

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ(အက်စ်စီအို)ထိပ်သီးညီလာခံ တက်ရောက်ရေးအတွက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမင်ယမ်ဂျိုင်ရှန်ကာ သည် ယခုလအတွင်း ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဂျိုင်ရှန်ကာ ၏ အဆိုပါခရီးစဉ်သည် ၁၀ နှစ်နီးပါးကြာကာလအတွင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ပထမဆုံးပါကစ္စတန်ခရီးစဉ်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာ အနေဖြင့် အောက်တိုဘာလ ၁၅ ရက်မှ ၁၆ ရက်ထိကျင်းပမည့် အက်စ်စီအိုထိပ်သီးညီလာခံတက်ရောက်ရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

သို့ရာတွင် အဆိုပါခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ပါကစ္စတန်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် အစီအစဉ် ရှိ၊ မရှိကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ကြောင်း သိရသည်။

ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်ခွင့်အငြင်းပွားမှုကို အကြောင်းပြု၍ နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန်တွင် အက်စ်စီအိုထိပ်သီးညီလာခံအတွက် ပါကစ္စတန်သို့သွားရောက်ရန် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက စီစဉ်ထားခြင်း ဖြစ်သည်။

အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတိုသည် ကက်ရှ်မီးယားဒေသကို ထိန်းချုပ်ခွင့်ရရှိရေးအတွက် စစ်ပွဲနှစ်ကြိမ် ဆင်နွှခဲ့ဖူးကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN