“လာလီဂါပြိုင်ပွဲ စက်တင်ဘာလ အကောင်းဆုံးကစားသမားဆုကို ယာမယ် ရရှိ”

(အားကစား) အောက်တိုဘာ ၆

လာလီဂါပြိုင်ပွဲရဲ့ စက်တင်ဘာလအတွက် တစ်လတာအကောင်းဆုံးကစားသမားဆု ရွေးချယ်ခဲ့ရာ ဘာစီလိုနာအသင်း တောင်ပံကစားသမား ယာမယ် က ရရှိခဲ့တာဖြစ်ပါတယ်။ 

ယာမယ် အနေနဲ့ အဆိုပါဆုကို ရီးရဲလ်အသင်း တိုက်စစ်မှူး အမ်ဘာပေ၊ ဘီလ်ဘာအိုအသင်း တိုက်စစ်မှူး အီနာကီဝီလျှံ၊ ကားလို့ဗီဆန်တီ၊ ဆီဗီလာအသင်း ကစားသမား လိုဆယ်ဆို တို့ကို ကျော်လွန်၍ ရရှိခဲ့ခြင်းဖြစ်သည်။

 ယာမယ် ဟာ ယခုနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းနဲ့အတူ ကစားခဲ့တဲ့ပြိုင်ပွဲစုံ ၁၀ ပွဲတွင် ငါးဂိုးအထိ သွင်းယူကာ၊ ဂိုးဖန်တီးမှု ငါးကြိမ်အထိ ပြုလုပ်နိုင်ခဲ့လို့ ဩဂုတ်လကလည်း အသင်းကပေးအပ်သည့် တစ်လတာအကောင်းဆုံးဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

#PAN