“ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် တယ်လီမက်တစ်စနစ်တပ်ဆင်ထားခြင်းမရှိသည့် ခရီးသည်တင်ယာဉ် များ အောက်တိုဘာ ၁၆ ရက်မှစတင်၍ ဖြတ်သန်းခွင့်မပြု”

(ပြည်တွင်း) အောက်တိုဘာ ၆

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ခရီးသည်တင်ယာဉ်များအနေဖြင့် တယ်လီမက်တစ်စနစ် တပ်ဆင်ထားခြင်းမရှိပါက အောက်တိုဘာလ ၁၆ ရက်မှစတင်ပြီး ဖြတ်သန်းခွင့်ပြုမည် မဟုတ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့မှ သိရပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော ခရီးသည်တင်မော်တော်ယာဉ် ကြီးများအား အမြန်လမ်းမကြီးများ ဥပဒေနှင့်အညီမောင်းနှင်ရန်နှင့် ခရီးသွားမိဘပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရန်အတွက် တယ်လီမက်တစ်စနစ်တပ်ဆင်စေ၍ (၂၄)နာရီပတ်လုံး စောင့်ကြည့်သွားမှာဖြစ်ပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော ခရီးသည်တင် မော်တော်ယာဉ် ကြီးများ၌ တယ်လီမက်တစ်စနစ်အား စက်တပ်ဆင်ခြင်းနှင့် ပညာပေးကာလအဖြစ် ရက်ပေါင်း(၁၂၀)သတ်မှတ်၍ ဇွန်လ ၁၈)ရက်မှ အောက်တိုဘာလ ၁၅ ရက်အထိ ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။

အဆိုပါ စက်တပ်ဆင်ခြင်းနှင့် ပညာပေးကာလပြီးဆုံးသည့် အောက်တိုဘာလ ၁၆ ရက်မှစတင်ပြီး စက်တပ်ဆင်ထားခြင်းမရှိတဲ့ ခရီးသည်တင် ယာဉ်ကြီးများကို အမြန်လမ်းသုံးစွဲခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးကြေညာထားပါတယ်။

#PAN