နေအိမ်မှရန်ဖြစ်ပြီး ဆင်းလာသူဇနီးအား ခင်ပွန်းဖြစ်သူက ဓါးဖြင့် ထိုးသတ်


(မှုခင်း) အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ အကွက်(၃၉၀)၊ ပင်မ(၁၀)ရပ်၊ ၉၀×၉၁ လမ်းကြား၊ ၄၃×၄၄ လမ်း ကြားနေ ဒေါ်ရီမြင့်၏ နေအိမ်တံခါး‌ပေါက်ရှေ့တွင် ယနေ့မွန်းတည့် ၁၂ နာရီခွဲအချိန်ခန့်က အမျိုးသမီး ၁ ဦး ဓါးဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိရကြောင်း သိရသည်။

ဖြစ်စဥ်မှာ သန့်ဇင်ဦး(ခ)ဘာမီတွန်က လွန်ခဲ့သော ၂ ပတ်ခန့်က စကားများရန်ဖြစ်ပြီး နေအိမ်မှဆင်းလာသည့် ဇနီးဖြစ်သူ မဖြူဖြူနှင်း ခေတ္တတည်းခို​နေထိုင်သည့် ဒေါ်ရီမြင့် ၏ နေအိမ်ရှေ့တွင် အသင့်စောင့်ဆိုင်း၍ မဖြူဖြူနှင်း ဒေါ်ရီမြင့် နေအိမ်ရှေ့အရောက်တွင် အသင့်ပါလာသည့် အိမ်သုံး ကြက်သွန်လှီးဒါးဖြင့် ဘယ်ရင်အုံအား ၄ ချက်ခန့် ထိုးခဲ့ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ဓါးထိုးစိုက်ဒဏ်ရာဖြင့် မဖြူဖြူနှင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။။

Telegram»…
https://t.me/positiveanglenews

PAN