ဒေါက်တာ ဇော်မြင့်မောင် ICU ထဲတွင်သာရှိနေသော်လည်း သေဆုံးသည်ဟု သတင်းထွက်ပေါ်

(ပြည်တွင်း) အောက်တိုဘာ ၆

၂၀၂၀ ရွေးကောက်ပွဲမသမာမှု၊ အဂတိမှုများအပါအဝင် အမှုများစွာကိုကျူးလွန်ခဲ့သည့် NLD ပါတီ၏ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်ဟာ ထောင်ဒဏ် (၂၉) နှစ် ကျခံနေစဥ်အတွင်း ကျန်းမာရေးကြောင့် အိုးဘိုထောင်ကနေ မန္တလေးဆေးရုံကြီးကို ပြောင်းရွှေ့ကုသနေရကြောင်း သိရသည်။

အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဒေါက်တာ ဇော်မြင့်မောင်သည် နိုင်ငံရေးရာထူးရယူခဲ့စဥ်ကပင် ကင်ဆာရောဂါခံစားနေရသည့်အတွက် ခွင့်ရက်ရှည်ယူခြင်း သီးသန့်လေယာဥ်ဖြင့်ပြည်ပသို့သွားရောက်ဆေးကုသမှုများ ပြုလုပ်ခဲ့ရသည်။

၎င်းခံစားနေရသည့် ကင်ဆာရောဂါသည် ပြီးခဲ့သည့် ဇွန်လမှစ၍ ရောဂါဝေဒနာ သိသိသာသာ ဆိုးရွားလာခြင်းကြောင့် ခါးရိုးချဉ်ဆီ ထုတ်ယူစစ်ဆေးခံနေရပြီးနောက် အောက်တိုဘာလ ၅ ရက် ယမန်နေ့ နေ့လယ်ပိုင်းမှစပြီး အထူးကြပ်မတ်ဆောင် (ICU) ကို ပြောင်းရွှေ့ထားရပြီး၊ သတိလစ်မေ့မြောနေကြောင်း သိရသည်။

ကျန်းမာရေးအခြေအနေကြောင့် ICU ၌ စောင့်ကြည့်ကုသနေရသည့် ရွေးကောက်ပွဲမသမာမှုများပြုလုပ်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)၏ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ် မန္တလေးတိုင်း၀န်ကြီးချုပ်ဟောင်းလည်းဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင်မှာ သေဆုံးသွားပြီဆိုသည့် သတင်းများထွက်ပေါ်လာသော်လည်း သတင်းမှားဖြစ်ကြောင်း မိသားစုမှ ပြန်လည်ငြင်းဆိုထားသည်။

#PAN