ဂါဇာကမ်းမြောင် ဗလီကို အစ္စရေးက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ၂၁ ဦး သေဆုံးခဲ့

(နိုင်ငံတကာ) အောက်တိုဘာ ၆

     အစ္စရေးစစ်တပ်သည် ဘေရွတ်မြို့တောင်ပိုင်းဆင် ခြေဖုံးများကို တိုက်ခိုက်မှုလှိုင်းသစ်တစ်ခု ထွက်ပေါ် လာခဲ့ပြီး လက်ဘနွန်မြို့တော်တစ် ဝိုက်တွင် “မီး တောက်များ ကောင်းကင်သို့တက်သွားပြီး ပေါက်ကွဲသံများ” ထွက်ပေါ်လာခဲ့သည်။

      ဂါဇာအလယ်ပိုင်း Deir el-Balah ရှိ ဗလီတစ်လုံးကိုလည်း အစ္စရေးတပ်ဖွဲ့များက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ၂၁ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။

      အစောပိုင်း သတင်းများအရ အစ္စရေးတိုက်လေ ယာဉ်များသည် ဟားမတ်စ်တို့၏ “ကွပ်ကဲမှုနှင့် ထိန်း ချုပ်မှု နေရာ” အဖြစ် အသုံးပြုနေသည်ဟုဆိုကာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ပါလက်စတိုင်းများ ခိုလှုံရာ ဗလီကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

     ပြီးခဲ့သည့်သောကြာနေ့ကတည်းက Hezbollah ၏ အုပ်ချုပ်မှုကောင်စီ ဥက္ကဋ္ဌ Hashem Safieddine နှင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်း လက်ဘနွန်လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက Al Jazeera သို့ပြောကြားခဲ့သည်။

       ပဋိပက္ခ၏တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့အဖြစ် ပါရီမှ နယူးယောက်နှင့် ကိပ်တောင်းအထိ ကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီးများတွင် လူထောင်ပေါင်းများစွာက လမ်း များပေါ်ထွက်ကာ  အစ္စရေး၏ ဂါဇာစစ်ပွဲကို အဆုံး သတ်ရန် တောင်းဆိုခဲ့သည်။

#PAN