USDP ကနေ NLD ကိုဘက်ပြောင်းသွားတဲ့ ကမ်းနီအုပ်ချုပ်ရေးမှူးဟောင်းကို KNU /PDF ဖမ်းဆီး

(ပြည်တွင်း) ​အောက်တိုဘာ ၅

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တောင်ဘက်ခြမ်း ဂျိုင်းမြစ်ကမ်းတဖက်ကမ်းတွင်ရှိသော ကမ်းနီကျေးရွာတွင်နေထိုင်သည့် အသက် ၅၀ အရွယ်ခန့်ရှိသူအမျိုးသားတစ်ဦးကို KNU / PDF များမှ လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

“ကိုရွှေခိုင်ကို မနေ့က နေ့လည်ပိုင်းက အိမ်မှာလာဖမ်းသွားတယ်။ ဘာကြောင့်လာဖမ်းသွားသလဲတော့မသိဘူး” ဟု ကမ်းနီကျေးရွာသားတစ်ဦးမှ PAN ကိုပြောသည်။

အောက်တိုဘာလ ၄ ရက်နေ့ နေ့လည်ပိုင်းအချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူKNU /PDF များမှ ၎င်း၏နေအိမ်ရှိရာ ကမ်းနီကျေးရွာကမ်းနားပိုင်းတွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

KNU /PDF များ၏ဖမ်းဆီးမှုခံထားရသည့် ဦးရွှေခိုင်၊(အသက် ၅၀ )ခန့်ရှိသူသည် ယခင် UDSP ပါတီဝင်တစ်ဦးဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် NLD ပါတီသို့ကူးပြောင်းကာ ကမ်းနီကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်ဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ််ပြီး ယခုအချိန်မှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးမှအနားယူထားသူလည်းဖြစ်ကြောင်း သိရသည်။

#PAN