အုတ်တံတိုင်းဖြိုချရာမှ လုပ်သားတစ်ဦး အုတ်တံတိုင်းပိမိခဲ့သည့်အတွက် ဆေးရုံသို့ ပို့ဆောင်ထား

(ပြည်တွင်း)အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း (မြောက်)ရပ်ကွက်၊ အရှေ့ကုန်းလမ်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် ယနေ့နံနက်၁၀နါရီကျော်အချိန်ခန့်၌ အုတ်တံတိုင်းဖြိုချရာမှ ဆောက်လုပ်ရေးလုပ်သား အမျိုးသားတစ်ဦး အုတ်တံတိုင်းပိမိကာ ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အရှေ့ကုန်းလမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဆောက်လုပ်ရေး လုပ်သားတစ်ဦး အုတ်တံတိုင်းပိမိကာ ထိခိုက်ဒဏ်ရာများရထားသည့်အတွက် ကူညီပေးရန် အကူညီ တောင်းခံချက်အရ အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သွားရောက်ကူညီခဲ့ကြကြောင်းသိရသည်။

အဆိုပါ ဒဏ်ရာရရှိသူအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ထားသည်ဟုလည်း သိရသည်။

#PAN