အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့က သတ်ဖြတ်


(ပြည်တွင်း) အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ နတ္တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာတွင် ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်အချိန်ခန့်က အကြမ်းဖက်သမား PDF အဖွဲ့မှ အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

မချစ်သဲဝေ၊ အသက် ၂၈ နှစ်၊ (ဘ)ဦးဝင်းမြင့်သည် ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် နေအိမ်၌ရှိနေစဥ် အကြမ်းဖက်သမား PDF ၂ ဦး ရောက်ရှိလာခဲ့ပြီး ငါးရှဥ့်ဝယ် လိုသည်ဟုပြောဆိုကာ အဆိုပါ အမျိုးသမီးငယ်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ရရှိဒဏ်ရာများဖြင့် နေရာတွင်သေဆုံးသွားခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်မှု၊ PDF များ၏ သတ်ဖြတ်မှုကြောင့် စက်တင်ဘာလ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းတွင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ ရဟန်း သံဃာ ၈၄ ပါး အပါအဝင် အပြစ်မဲ့ပြည်သူ ၆၇၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN