အကြမ်းဖက် PDF အဖွဲ့ဝင်အချို့ ထွက်ပြေး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ

(ပြည်တွင်း) အောက်တိုဘာ ၅

        အကြမ်းဖက် PDF အဖွဲ့များအတွင်း အဖွဲ့ဝင်များ သည် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို စိတ် ကုန်ပြီး အမြင်မှန်ရကာ လွတ်မြောက်ရေးအတွက် အခွင့်အရေးရသည်နှင့် ထွက်ပြေးလျှက်ရှိရာ အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်သော MDY PDF အဖွဲ့မှ အဖွဲ့ဝင် ၅ ဦးသည်လည်း ယနေ့ နံနက်ပိုင်းက ထွက်ပြေးသွားကြောင်း သိရပါသည်။

      ၎င်း ထွက်ပြေးသွားသော အကြမ်းဖက် PDF ၅ ဦးမှာ အောင်မျိုးသန့်(ခ) ဖြောက်စိတ်၊ မိုးဒီ(ခ) မိုးကြီး၊ ဟိန်းမင်းထွေး(ခ) ဂျွန်ဂေး၊ ဇော်လင်းသူ(ခ) ဖိုးပြုံး၊ နိုင်သူ တို့ဖြစ်ကြောင်း သိရပါသည်။

       အဆိုပါ ထွက်ပြေးသွားသည့် ၎င်းတပ်ဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးရမိရေးအတွက် အကြမ်းဖက် MDY PDF အဖွဲ့မှ ရင်း(၆) ရင်းမှူးအဆင့်ရှိ ပေါ်လို တိသူက ၎င်းတို့ဂိတ်များသို့ အကြောင်းကြားကာ ရောက်ရှိလာပါက ဖမ်းဆီးခိုင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN