“ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ ကျင်းပမည်”

(ပြည်တွင်း)အောက်တိုဘာ ၅

  ရာဂီတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုသဘာဝဘေးအန္တရာယ် ဖြစ်ပေါ် ခံစားခဲ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဖြည့်ဆည်းဆောင်ရွက် နိုင်ရန် အောက်တိုဘာလ ၁၁ ရက်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံကြီး၌ နိုင်ငံကျော်အဆိုတော်များဖြင့် ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။
  မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က ဦးစီးကျင်းပမည့် “ကူညီကမ်းလက် ဂီတလက်ဖြင့်” ရေဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲအစီအစဉ်တွင် တေးသံရှင် ကိုင်ဇာ၊ မျိုးကျော့မြိုင်၊ စည်သူလွင်၊ ဂရေဟမ်၊ ကောင်းဆက်၊ ဇော်ပိုင်၊ ပူစူး၊ နောနော်၊ ‌အောင်လ၊ သာဒီးလူ၊ ဝန၊ ‌အောင်ထက်၊ Lဆိုင်းဇီ၊ နီနီခင်ဇော်၊ ရတနာမိုင်၊ ပိုပို၊ ပန်းရောင်ခြယ်၊ ယွန်းမြတ်သူ၊ ဇွဲပြည့်၊ ဆိုင်စံ နှင့် နေမင်းအိမ် တို့က တေးသီချင်းများဖြင့် ဖျော်ဖြေသွားမှာဖြစ်ပါတယ်။
  အဆိုပါ ပြန်လည်ထူထောင်ရေး ရန်ပုံငွေပွဲတွင် ပါဝင်လှူဒါန်းကြည့်ရှုနိုင်ရန် လက်မှတ်များကို Junction City(ဗိုလ်ချုပ်လမ်း) ၄ လွှာ Music Box၊ Junction Square(Secret Garden)ပြည်လမ်း Music Box၊ အလုံလမ်းနှင့် ပြည်လမ်းထောင့်ရှိ Yangon International Hotel Music Box၊ တာမွေမြို့နယ်ရှိ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)ရုံး၊ အမျိုးသားကဇာတ်ရုံတို့၌(ရုံးချိန်အတွင်း)နှင့် Online မှ K Pay ဖြင့် ၀၉၂၅၂၈၀၄၃၀၈ သို့ လက်မှတ် တစ်စောင်လျှင် ငွေကျပ် ၂၀,၀၀၀၊ ၃၀,၀၀၀၊ ၅၀,၀၀၀ နှုန်းဖြင့် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

#PAN