မွန်ပြည်သစ်ပါတီ (ခွဲထွက်) အဖွဲ့မှ ဒရုန်းဗုံး ၄ လုံး နှင့် တိုက်ခိုက်သဖြင့် ရွာသား ၃ ဉီး ထိခိုက်ဒဏ်ရာရ

(ပြည်တွင်း) အောက်တိုဘာ ၅

မွန်ပြည်သစ်ပါတီ (ခွဲထွက်) အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ နိုင်ကျော်ဦးစီးအဖွဲ့မှ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သဖြင့် ကျွန်းကုန်းကျေးရွာ ထင်းဖြတ်နေသော ကလေးငယ်တစ်ဦးအပါအဝင် မိသားစု ၃ ဉီး ဗုံးစထိမှန်ကာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၊ လွှစင်ကုန်းကျေးရွာရှိအနီး ရာဘာခြံများတွင် ခိုအောင်းနေသည့် မွန်ပြည်သစ်ပါတီ (ခွဲထွက်) အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ နိုင်ကျော် ဉီးစီးအင်အား ၅၀ ဉီးခန့်သည် ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာရှိ ရာဘာခြံတစ်ခုအတွင်းသို့ ရောက်ရှိပြီး လုံခြုံရေးယူနေသည့် လုံခြုံရေးအဖွဲ့အား ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကျွန်းကုန်းကျေးရွာတွင် လုံခြုံရေး ဆောင်ရွက်လျှက်ရှိသော လုံခြုံရေးတပ်ဖွဲ့များအား ဒရုန်းဖြင့်ဗုံးသီး ၄ လုံးချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ပစ်ချတိုက်ခိုက်မှုကြောင့် လုံခြုံရအဖွဲ့များ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိဘဲ ကျွန်းကုန်းကျေးရွာတွင် ထင်းဖြတ်နေသော မိသားစုများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မွန်ပြည်သစ်(ခွဲထွက်) အဖွဲ့၏ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဉီး၊ ကလေးငယ် ကျား ၁ ဉီး၊ စုစုပေါင်း ၃ ဉီးတို့အား ထိမှန်ကာ ဒဏ်ရာများ အသီးသီး ရရှိခဲ့သည့်အတွက် သက်ဆိုင်ရာမှ ဆေးဝါးကုသမှုများဆောင်ရွက်ပေးနေကြောင်း သိရသည်။

#PAN