ဘေရွတ် ဗုံးကြဲတိုက်ခိုက်မှုကို အစ္စရေးက ပြန် လည်စတင်လိုက်ပြီး လက်ဘနွန်တွင် သေဆုံးသူ ၂၀၀၀ ကျော်သွားခဲ့

(နိုင်ငံတကာ) အောက်တိုဘာ ၅

     ဘေရွတ်မြို့ တောင်ပိုင်း ဆင်ခြေဖုံးတွေမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုများမှာ တစ်ညလုံး ဆက်တိုက် ဖြစ်ပွားနေ တယ်လို့ လက်ဘနွန် ကျန်းမာရေး ဝန်ကြီး ဌာနက ပြောပါတယ်။ အစ္စရေး နိုင်ငံတဝှမ်း တိုက်ခိုက်မှုတွေမှာ ကလေးငယ် ၁၂၇ ဦးနဲ့ အမျိုးသမီး ၂၆၁ ဦး အပါအဝင် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

      ယမန်နေ့က သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း ဒုက္ခသည်စခန်းအား အစ္စရေးတိုက်လေယာဉ်များရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူများထဲတွင် Tulkarem ရှိ ၎င်း၏တပ်မှူးလည်း ပါဝင်သည်ဟု ဟားမတ်စ်က ပြောသည်။

       ယီမင်ရှိ ဟူသီထိန်းချုပ်နယ်မြေများရှိ ပစ်မှတ် ၁၅ ခုကို လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။

      အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi သည် ဘေရွတ်သို့လာရောက်လည် ပတ်စဉ် အီရန်အား တိုက် ခိုက်ပါက တီဟီရန်၏ “လက်တုံ့ပြန်မှုသည် ယခင်အကြိမ်ထက် ပိုမိုပြင်းထန်လိမ့်မည်” ဟု အစ္စရေးအား သတိပေးခဲ့သည်။

       ဂါဇာတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင် ၍ အစ္စရေးတိုက်ခိုက်မှုများတွင် အနည်း ဆုံး လူပေါင်း ၄၁,၈၀၂ ဦး သေဆုံးပြီး ၉၆,၈၄၄ ဦး ဒဏ်ရာရရှိခဲ့သည်။  အစ္စရေးတွင် အောက်တို ဘာလ ၇ ရက်နေ့တွင် ဟားမတ်စ်ဦးဆောင်သော တိုက်ခိုက်မှုများတွင် အနည်းဆုံး လူ ၁,၁၃၉ ဦး သေဆုံးပြီး လူ ၂၀၀ ကျော်ကို ဖမ်းဆီးခံထားရသည်။

#PAN