တတိယအကြိမ်မြောက် အေစီဒီ ထိပ်သီး အစည်းအဝေးအတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကာဂျစ် ဒုတိယဝန်ကြီးချုပ်၊ နီပေါနိုင်ငံခြားရေး ဝန်ကြီးတို့နှင့် ဒိုဟာမြို့၌ သီးခြားစီတွေ့ဆုံ

(ပြည်တွင်း) အောက်တိုဘာ   ၅

    တတိယအကြိမ်မြောက် အာရှပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ  ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ထိပ်သီး အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် ဒိုဟာမြို့၌ ရောက်ရှိနေ သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ သည် အောက်တိုဘာလ ၃ ရက်က ကာဂျစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ အီဒေးဘိုင်ဆလော့ဗ်   နှင့်လည်းကောင်း၊ နီပေါနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ  အာဇူရာနာဒူဘာနှင့် လည်းကောင်း ဒိုဟာမြို့ ရှိ ရစ်ကာလ်တန် ဟိုတယ်၌ တွေ့ဆုံသည်။

ကာဂျစ်ဒုတိယဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှု  အခြေအနေများကို ထည့်သွင်းရှင်းလင်း ပြောကြားပြီး မြန်မာ-ကာဂျစ် နှစ်နိုင်ငံ အကြားချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံ ရေး ပိုမိုတိုးတက် ခိုင်မာစေရေး၊ ကုလသမဂ္ဂနှင့် အေစီဒီအဖွဲ့တွင်းပူးပေါင်းဆောင်ရွက် မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် နီပေါနိုင်ငံခြားရေး ဝန်ကြီးနှင့်တွေ့ဆုံစဉ်  မြန်မာနှင့် နီပေါနှစ်နိုင်ငံအကြား   ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊    ခရီးသွား လုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများ၌ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ရေး၊ ကျောင်းသားဖလှယ်ရေး အစီအစဉ်များ ဖော်ထုတ်ရေး၊ အေစီဒီနှင့် ဘင်းမ်စတက်မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များ အပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင်  တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို တိုက်ဖျက်ရေးနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက် ရေးအပေါ် မြန်မာနိုင်ငံမှ ဆောင်ရွက်နေမှု များကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။

အေအိုင်/ဉာဏ်ရည်တုနည်းပညာ၊ ဒစ်ဂျစ် တယ်အသွင်ကူးပြောင်းမှုနှင့် သက်ဆိုင် သည့် စီးပွားရေးပုံစံသစ်များနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။

#PAN