ကျိုက်ထိုမြို့တွင် အရပ်သားပြည်သူ ၁ ဦး ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် အကြမ်း ဖက်သမားများက ပစ်ခတ်သတ်ဖြတ်

(ပြည်တွင်း) အောက်တိုဘာလ  ၅

      ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင်  ကျိုက်ထိုမြို့နယ်၊ ကော့ထင်း ကျေးရွာ၊ သင်္ချိုင်းကုန်အနီးတွင် ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်နေ အရပ်သားပြည်သူ တစ်ဦးကို သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် နေရာတွင်သေဆုံးခဲ့ကြောင်း သိရပါသည်။

     အဆိုပါသေဆုံးသူမှာ ကိုဆန်းဦး၊ ၅၄ နှစ်၊(ဘ)ဦးအောင်ငြိမ်း၊ လယ်လုပ်၊ ကုန်သည်လမ်း၊ မြောက်ပိုင်းရပ်ကွက်၊ ကျိုက်ထိုမြို့နေသူဖြစ်သည်။ ၎င်းသည် မလော့ချောင်ကျေးရွာ၊ အောက်သောင်လယ်တဲမှ မြောက်ပိုင်းရပ်ကွက်နေအိမ်သို့ ကျိုက္ကသာ-ဘိုရားကြီး -ကော့ထင်းလမ်းမကြီးအတိုင်း ဆိုင်ကယ်အမှတ်ဖြင့် တစ်ဦးတည်းပြန်လာစဉ် အကြမ်းဖက် PDF ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ဘိုရားကြီးကျေးရွာဘက်မှ လိုက် ပါလာပြီး ကော့ထင်းကျေးရွာအဝင် သင်္ချိုင်းကုန်းအနီးအရောက်တွင် သေနတ်(အတို)ဖြင့် (၈)ချက်ပစ်ခတ်ခဲ့သည်ဟု နယ်မြေလုံခြုံရေးအဖွဲ့ထံမှ သိရပါသည်။

       သေဆုံးသူ ကိုစန်းဦးတွင် သေနတ်ဒဏ်ရာ ၈ ချက်ဖြင့် လမ်းဘေးရေမြောင်းအတွင်း မှောက်လျက် လဲကျသေဆုံးနေပြီး အကြမ်းဖက် PDF (စိစစ်ဆဲ) ၂ ဦးမှာ ဘိုရားကြီးကျေးရွာဘက်သို့ ပြန်လည် မောင်းနှင်ထွက် ပြေးသွားခဲ့သည်ဟု ဒေသခံတစ်ဦးထံမှ ​ သိရပါသည်။

      အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍  မည်သည့်အတွက်​ကြောင့် ယခုလို သတ်ဖြတ်ရသည်ကို မသိရသေးသော် လည်း ပုဂ္ဂိုလ်ရေးမကြေနပ်မှုကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံပြည်သူများထံမှ သိရပါသည်။ အကြမ်းဖက် PDF များအနေဖြင့် လက်နက်စွဲကိုင်ပြီး  အပြစ်မဲ့ ပြည်သူများကို ယခုလို ဥပဒေမဲ့ ရက်ရက်စက်စက် သတ် ဖြတ်မှုများကြောင့် ပြည်သူလူထုက ရွံရှာမုန်းတီးလာကြကြောင်း အဆိုပါ ဒေသခံပြည်သူများထံမှ သိရပါ သည်။

#PAN