(ပြည်တွင်း) အောက်တိုဘာလ ၅
PDF အမည်ခံအကြမ်းဖက်သမားများသည် ပြည် သူလူထုအေးချမ်းစွာ နေထိုင်နေသော မြို့၊ ရွာများကို တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် Drop Bomb များ၊ လက်နက်ကြီးများဖြင့် ရက် စက်ယုတ်မာစွာပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လျက်ရှိပြီး ယနေ့တွင် လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ အောင်သာယာကျေးရွာကို Drop Bomb များဖြင့် ယုတ်မာ ရက်စက်စွာ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးပြီး ၈ ဦး ဒဏ် ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ အောင်သာယာကျေးရွာအား PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာ၏ အရှေ့ တောင်ဘက် မီတာ ၁၂၀၀ ခန့်အမြင့်မှနေ၍ Drone ဖြင့် Drop Bomb များ လာရောက်ပစ်ချ တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း အေးချမ်းစွာနေထိုင်လုပ်ကိုင် နေကြသူ အပြစ်မဲ့ ပြည်သူ အမျိုးသား ၂ ဦး၊ အမျိုး သမီး ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများအား ကျေးရွာဆေးပေးခန်း၌ ဆေးကုသမှုခံယူစေလျက်ရှိသည်။
PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခု ကဲ့သို့အေးချမ်းစွာနေထိုင် နေကြသော ဒေသခံပြည်သူ များ၏ ကျေးရွာများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည့် လုပ်ရပ်သည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇ ဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါ အကြမ်းဖက် သမားများကို ဒေသခံပြည်သူများက ရွံ့ရှာစက်ဆုပ် မုန်းတီးလျက်ရှိကြောင်းနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်းမရှိသည့်အတွက် တပ်မတော်၏ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်မှုတွင် အားတတ်သရော ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#PAN