“အောင်ပြည့်ဖြိုး” ရွှေပန်းတိမ်ဆိုင်မှ ရွှေထည်၊ ငွေနှင့် ဖုန်းများအား အကြမ်းဖက်သမားများက ဓားပြတိုက်


(ပြည်တွင်း)အောက်တိုဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကံသာယာရပ်၊ မဏိစည်သူစျေး တောင်ဘက်တိုက်တန်းရှိ “အောင်ပြည့်ဖြိုး” ရွှေပန်းတိမ်ဆိုင်အား အကြမ်းဖက်သမား ၅ ဦးမှ သေနတ်ပြကာ ဓားပြတိုက်သွားကြောင်း သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်က “အောင်ပြည့်ဖြိုး” ရွှေပန်းတိမ်ဆိုင် ဆိုင်ပိုင်ရှင် ဒေါ်အေးအေးခိုင်၊ အသက် ၅၀ နှစ်၊ (ဘ)ဦးလှကို၊ ရေဝင်ရပ်၊အမှတ်(၅)ရပ်ကွက်၊ ဦးအောင်ဌေး၊ အသက် ၅၃ နှစ်၊ (ဘ)ဦးတင်မောင်၊ အမှတ် (၅)ရပ်ကွက်၊ သိကြားရပ်၊(ပန်းတိမ်ဆရာ)၊မအေးသီတာ၊ အသက် ၃၆ နှစ်၊(ဘ)ဦးအုံးမောင်၊ ဝက်ကြီးအင်းရပ်၊ အမှတ်(၇)ရပ်ကွက်(ဆိုင်အကူ)တို့ရှိနေစဥ် အမည်မသိအကြမ်းအဖက်သမား ၅ ဦးသည် လက်နက်အရှည် ၁ လက်၊ အတို ၂ လက်တို့ ကိုင်ဆောင်လျက် မော်တော်ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာကာ ဆိုင်အတွင်းရှိ လူ ၃ ဦးအား သေနတ်များဖြင့် ထောက်ထား၍ ဆိုင်ရှိ ရွှေထည် ပစ္စည်းများနှင့် ငွေကျပ် သိန်း ၂၅၀ ခန့်အပြင် လက်ကိုင်ဖုန်း ၅ လုံးတို့အား လုယက်ယူဆောင်၍ မော်တော်ဆိုင်ကယ်များဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများ လုယူသွားသည့် ရွှေထည်ပစ္စည်းများမှာ ပန်းဘယက် ၃ မတ်သား ၇ ကုံး၊ ချယ်နားကတ် ၂ ပဲသား ၁၅၀ ရံ၊ ရွှေနားဆွဲ ၂ ပဲသား ၁၀၀ ခု၊ မှိုနားကတ် နားဆွဲတန်းလန်း ၂ ပဲသား ၁၀၀ ခု၊ ရွှေလက်စွပ် ၁ မတ်သား ၁၅၀ ကွင်း၊ ရွှေလက်စွပ် ၅ မူးသား ၇၅ ကွင်း၊ လက်ကောက် ၅ မူးသား ၅၀ ကွင်း၊ ရွှေသားလယ်တုံ ၁ ကျပ်သား ၃ ကုံး၊ စုစုပေါင်း ရွှေသား ၁၈၂ ကျပ် ၅ မူးသားတို့ ပါသွားကြောင်း သိရသည်။

PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူများ၏ ထောက်ခံအားပေးမှု မရှိတော့ခြင်း၊ ငွေကြေးထောက်ပံမှု မရရှိတော့ခြင်း၊ လက်နက်ခဲယမ်းများ ဝယ်ယူရန် အခက်အခဲများ ကြုံတွေ့နေခြင်းများ ဖြစ်ပေါ်နေသဖြင့် ဆက်ကြေးတောင်းခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား လုယက်ဓားပြတိုက်ခြင်များ မကြာခဏကျူးလွန်လျက် ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN