အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပြေးလာသူများအတွက် ဘေရွတ်ရှိ နိုက်ကလပ်တစ်ခုက အကာအကွယ်ဖြစ်နေ


(နိုင်ငံတကာ) အောက်တိုဘာ ၄

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည်များအတွက် နိုက်ကလပ်တစ်ခုက အကာအကွယ်အဖြစ် ခိုလှုံခွင့်ပေးထားကြောင်းသည့်ရသည်။

ဘေရွတ်မြို့ရှိ နာမည်ကြီး နိုက်ကလပ်တစ်ခုဖြစ်သည့် Sky Bar သည် ဒုက္ခသည်များအတွက် ခိုလှုံခွင့်ပေးထားပြီး ပြည်သူပေါင်းရာနှင့်ချီ ခိုလှုံနေကြောင်းသိရသည်။

အဆိုပါနိုက်ကလပ်တွင် ဝန်ထမ်းများက အစားအသောက်နှင့် ရေသန့်များပေးဝေခြင်း ဆံပင်ညှပ်ပေးခြင်း ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများပေးခြင်းကို လုပ်ဆောင်ပေးထားကြောင်း သိရသည်။

ကလပ်တာဝန်ရှိသူ၏ အဆိုအရ အဆိုပါ ကလပ်သည် လူပေါင်း ၄၀၀ ခန့်ကို ခိုလှုံခွင့်ပေးထားပြီး ထပ်မံဝင်ရောက်လာသူများလည်း ရှိကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN