ရုရှားနိုင်ငံသားတွေကို အစ္စရေးကနေ ချက်ချင်းထွက်ခွာဖို့ တိုက်တွန်း

(နိုင်ငံတကာ) အောက်တိုဘာ ၄

     ဟစ်ဇ်ဘိုလာနှင့် အီရန်တို့ နှစ်ဖက်စလုံးနှင့် စစ်ရေးတင်းမာမှုများ ပြင်းထန်လာပြီးနောက် အစ္စရေးမှ နိုင်ငံသားများကို ချက်ချင်းထွက်ခွာရန် ရုရှားနိုင်ငံက တိုက်တွန်းထားသည်။

      အစ္စရေးနိုင်ငံဆိုင်ရာ မော်စကို သံအမတ်ကြီးက လက်ဘနွန်ကို IDF တိုက်ခိုက်မှုအတွက် တုံ့ပြန်သည့်အနေဖြင့် အီရန်က အစ္စရေးနိုင်ငံကို ဒုံးကျည် ၂၀၀ နီး ပါး ပစ်လွှတ်ခဲ့ပြီးနောက် ရုရှားနိုင်ငံသားများကို နိုင်ငံကနေ ထွက်ခွာဖို့ တိုက်တွန်းလိုက်ပါသည်။ 

    “ကျွန်ုပ်တို့သည် အစ္စရေးနိုင်ငံရှိ လက်ရှိကျွန်ုပ်တို့ ၏နိုင်ငံသားများအား ထိုဒေသမှထွက်ခွာရန် အလေးအနက်ထားစဉ်းစားရန် အကြံပြုအပ်ပါတယ်” ဟု Viktorov မှပြောကြားခဲ့သည်။

      ရုရှားသတင်းဌာန TASS ၏ မှတ်ချက်တွင် ဗစ်တိုရော့ဗ်က ဒေသတွင်း ဆိုးရွားလာသော အခြေအနေများကို မီးမောင်းထိုးပြကာ အစ္စရေးသို့ ခရီးသွားခြင်းမပြုရန် ၎င်း၏ အကြံပြုချက်ကို ထပ်လောင်းပြောကြားခဲ့သည်။  အချို့လေကြောင်းလိုင်းများသည် စီစဉ်ထားသော ပျံသန်းမှုများ ဆက်လက်လုပ်ဆောင်ဆဲဖြစ်ပြီး ရုရှားနိုင်ငံသားများအား ဤအခွင့်အရေးကို အသုံး ချရန် တိုက်တွန်းထားကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

     ရုရှား၏ အရပ်ဘက်လေကြောင်းအေဂျင်စီ၏ အကြံပြုချက်နှင့်အညီ အစ္စရေး၊ အီရန်နှင့် အီရတ်နိုင်ငံတို့ရှိ လေကြောင်းခရီးစဉ်များကို ယခုသီတင်းပတ်အစောပိုင်းတွင် ရုရှားလေကြောင်းလိုင်းအများအပြား ဖျက်သိမ်းခဲ့သည်။ 

#PAN