ရတနာပုံတံတားတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


(ပြည်တွင်း) အောက်တိုဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို၊ ရတနာပုံတံတား စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန်က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ရတနာပုံတံတား စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးအဖွဲ့များက လူ၊ ယာဉ် အဝင်/အထွက်များ စစ်ဆေးနေစဉ် မန္တလေးမြို့ မှ မိုးကောင်းမြို့သို့ သွားရောက်မည့် ယာဉ်မောင်း ကျော်မင်းထွန်း မောင်းနှင်ပြီး ခရီးသည် အောင်ကျော်မင်းနှင့် ကြည်နိုင် လိုက်ပါလာသည့် ယာဉ်အမှတ်၊ KCN-16/GG-1229 AD Van(ဖြူ)အားရပ်တန့်၍ ရှာဖွေစစ်ဆေးခဲ့ရာ အနက်ရောင် ကျောပိုးအိတ်အတွင်းက ဘိန်းစိမ်းဟု ယူဆရသော အမဲရောင်အစေး ၁ ကီလိုစီပါ ၇ ထုပ်၊ ၀.၅ ကီလိုစီပါ ၂ ထုပ် စုစုပေါင်း ၈ ကီလို (ကာလတန်ဖိုး ဘိန်းစိမ်း ၁ ကီလိုလျှင် ၁၅ သိန်းကျပ်နှုန်းဖြင့် သိန်း ၁၂၀ ကျပ်)အား တွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော ၎င်းတရားခံ ၂ ဦးအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN