မျက်စိကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများ

(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၅

     PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ မျက်စိကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများအကြာင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    အမြင်အာရုံနဲ့ပတ်သက်ရင် လူတော်တော်များများက မျက်စိကျန်းမာရေးဆိုတာ အသက် အရွယ် ဒါမှမဟုတ် အာရုံစူးစိုက်မှုတို့ကြောင့် ပျက်စီးတတ်တယ်လို့ ထင်လေ့ရှိပါတယ်။ဒါပေမဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် အနေအထိုင်တွေကနေ တစ်ဆင့်လည်း မျက်စိကျန်းမာရေးထိခိုက်နှုန်းကို လျှော့ချလို့ ရပါသေးတယ်။

       ခန္ဓာကိုယ်အတွက် အထောက်အကူပြုပေးတဲ့ အိုမီဂါအဆီဓာတ်တွေပါဝင်တဲ့ ငါးတွေဟာ ခန္ဓာကိုယ် တစ်ရှူးတွေကို ကောင်းမွန်စေပါတယ်။ အိုမီဂါ ၃ အက်ဆစ်ဟာ မျက်စိကျန်းမာရေးကို အ‌ကောင်းဆုံး အထောက် အကူပေးနိုင်တဲ့ အစား အစာဖြစ်ပါတယ်။ တူနာ၊ ဆော်လမွန် နဲ့ ဆာဒင်းငါး တို့ဟာ အိုမီဂါဓာတ် အမြင့်မားဆုံး ပါဝင်တဲ့ ငါးတွေဖြစ်ပါတယ်။

     အစေ့အဆံတွေမှာလည်း မျက်စိကိုအထောက် အကူပြုတဲ့ အိုမီဂါအက်ဆစ် ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်အီး မြင့်မားစွာပါဝင်လို့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ မျက်စိမှုန်ခြင်းကိုပါ ဟန့် တားပေးနိုင်ပါသေးတယ်။

     အရည်ရွှမ်းတဲ့အသီးတွေမှာ ဗီတာမင်စီအပြင် ဗီတာမင်အီးတို့ပါ ကြွယ်ဝစွာပါဝင်ပါတယ်။ကျန်း မာရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ AOA အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဗီတာမင်အီး နဲ့ ဗီတာမင်စီ တို့မှာပါတဲ့ အင်တီ အောက်ဆီဒင့်ဓာတ်တွေဟာ အသက်အရွယ်ကြောင့်ရလာတဲ့ မျက်လုံးထိခိုက်တာကို ကာကွယ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ လိမ္မော်သီး၊ သံပုရာသီး နဲ့ ဂရိတ်ဖရုအသီးတွေမှာ အများဆုံးပါတတ်ပါတယ်။

       အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာတော့ လူတင်း နဲ့ zeaxanthin ဓာတ်တို့ပါဝင်တာကြောင့် မျက်စိကို ဗီတာမင်စီ အထောက်အကူပြုသလိုမျိုး အထောက်အပံ့ပေးနိုင်ပါတယ်။ အစိမ်း ရင့်ရောင် အသီးအရွက် တွေကတော့ ဟင်းနုနွယ်၊ ကိုက်လန် နဲ့ ဂေါ်ဖီစိမ်း တို့ဖြစ်ပါတယ်။

     မုန်လာဥနီမှာတော့ ဗီတာမင်အေ အများအပြားပါဝင်ပြီး အမြင်အာရုံကို အဓိက အထောက်အပံ့ ပေးနိုင် ပါတယ်။ မုန်လာဥနီမှာပါတဲ့ လိမ္မော်ရောင် ဓာတ်ပေါင်းဟာ Rhodopsin လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကိုလည်း ရစေပြီး အလင်းရောင်ကြောင့် မျက်စိပျက်ခြင်းကို သက်သာစေပါတယ်။

      ကန်စွန်းဥမှာလည်း Beta carotene ဓာတ်တွေ ပါ ဝင်ပြီး ဗီတာမင်အီးကို အများဆုံးထုတ် ပေးနိုင်တဲ့ အစားအစာဖြစ်ပါတယ်။

       အမဲသားမှာတော့ သံဓာတ်ပါဝင်တာကြောင့် မျက် စိကျန်းမာရေးကို ရေရှည်အထောက်ကူပြုရုံသာမက သံဓာတ်ဟာ မျက်စိအာရုံကြောနဲ့ ပတ် သက်တဲ့ရောဂါတွေကို တားဆီးပေးနိုင်ပါသေးတယ်။ ကြက်ရင်အုံသားနဲ့ ဝက်လိုင်းသားတို့မှာလည်း သံဓာတ်ပါဝင်ပေမဲ့ အမဲသားထက်‌တော့ ပါဝင်နှုန်းများစွာ လျော့နည်းပါတယ်။

#PAN