မတ္တရာမြို့နယ်ရှိ အကြမ်းဖက် PDF စခန်းပုန်းအား တပ်မတော်စစ်ကြောင်းမှ ဝင်ရောက်ရှင်း လင်း

(ပြည်တွင်း) အောက်တိုဘာ ၄

     တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ မန္တလေးတိုင်းဒေသကြီး ၊မတ္တရာမြို့နယ်၊ကျောက်တံတားကျေးရွာ အရှေ့ဘက်၊ ကြားရွာအနီးရှိ အကြမ်း ဖက် PDF စခန်းပုန်းအား ယမန်နေ့ ညပိုင်းက တပ်မတော်စစ်ကြောင်းက ဝင်ရောက်ရှင်းလင်းခဲ့ရာ ထိတွေ့မှုဖြစ်ပွားပြီး ရန်သူ့ ဘန်ကာ ၂ လုံး သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

      အဆိုပါ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုဖြစ်စဥ်တွင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ အကြမ်းဖက် PDF အလောင်း ၂ လောင်း၊ သေနတ်မျိုးစုံ ၄ လက်၊ ကျည်မျိုးစုံ ၄၀ တောင့်၊ တရုတ်လက်ပစ်ဗုံး ၁ လုံး၊ ကျည်အိမ် ၂ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

       PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူများ၏ ထောက်ခံအားပေးမှု မရှိတော့ခြင်း၊ ငွေ ကြေးထောက်ပံမှုများ မရရှိတော့ခြင်း၊ လက်နက်ခဲယမ်းများ ဝယ်ယူရန်အခက်အခဲများ ကြုံတွေ့နေခြင်းများ ဖြစ်ပေါ်နေသည်ဟု သိရပြီး PDF အချို့မှာ အလင်းဝင်ရောက်ရန် ကြိုးစားနေကြသည်ဟု သတင်းများရရှိပါသည်။

#PAN