ဖိလစ်ပိုင်က FA-50 တိုက်လေယာဉ်များအတွက် KAI နှင့် PBL စာချုပ်ချုပ်ဆိုမည်

(နိုင်ငံတကာ) အောက်တိုဘာ ၄

     ဖိလစ်ပိုင်နိုင်ငံက တောင်ကိုရီးယားမှ ကိုးရီးယားလေကြောင်းစက်မှုလုပ်ငန်း (KAI) နှင့်စွမ်း အင်အခြေခံ ထောက်ပံ့ပို့ဆောင်ရေး သဘောတူစာချုပ် (PBL) ကို ချုပ်ဆိုရန်ပြင်ဆင်နေပြီဖြစ်သည်။ ထိုကဲ့သို့သော စာချုပ်ကို ချုပ်ဆိုရန် ပြင်ဆင်ခြင်းသည် KAI အတွက် ပထမဆုံးဖြစ်သည့်အပြင် နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်စေမည့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်လာမည် ဖြစ်သည်။

     စာချုပ်တန်ဖိုးမှာ ဝမ် ၂၇ ဘီလီယံရှိပြီး စာချုပ်ထဲတွင် KAI က ဖိလစ်ပိုင်၏ FA-50 တိုက်လေယာဉ်များအတွက် အပိုပစ္စည်းများ၊ စီမံခန့်ခွဲမှုစနစ်များနှင့် မရှိ မဖြစ်လိုအပ်သည့် ဝန် ဆောင်မှုများပေးအပ်ခြင်းတို့ ပါဝင်သည်။လက်ရှိစာချုပ်သက်တမ်းမှာ တစ်နှစ်သာ ဖြစ်သော်လည်း ထိုစာချုပ်ကို အခြေခံ၍အနာဂတ်တွင် နှစ်များစွာကြာ သက်တမ်းရှိ အလားတူစာချုပ်ကို ချုပ်ဆိုနိုင်စေမည် ဖြစ်သည်။

    FA-50 တိုက်လေယာဉ်သည် KAI က ထုတ်လုပ်သည့် အပေါ့စား တိုက်ခိုက်ရေးလေယာဉ်တစ်မျိုးဖြစ်သည်။ ၎င်းကို အသံထက်မြန်သော အဆင့်မြင့် လေ့ကျင့်ရေးနှင့်အပေါ့စား တိုက်ခိုက်ရေးလေယာဉ်တစ်စင်းအဖြစ် ကနဦး ဒီဇိုင်းရေးဆွဲထားသည့် T-50 Golden Eagle လေယာဉ်ဒီဇိုင်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။

       FA-50 တိုက်လေယာဉ် ကို တောင်ကိုရီးယား ၊ ပိုလန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့်ထိုင်းနိုင်ငံတို့က အသုံးပြုနေပြီး ၎င်း၏ စွမ်းဆောင်ရည်မှာ နောက်ဆုံးတိုက်လေယာဉ်များနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း AR သတင်းဌာန ဖော်ပြချက် အရ သိရသည်။

#PAN