ဆီနီဂေါအသင်းနှင့် လမ်းခွဲခဲ့တဲ့ နည်းပြဆစ်စီ

(အားကစား) အောက်တိုဘာ ၄

      ဆီနီဂေါအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ နည်းပြ ဆစ်စီ က အသင်းနဲ့စာချုပ်သစ် ချုပ်ဆိုတော့မှာ မဟုတ်ဘဲ ဆီနီဂေါအသင်းနဲ့ လမ်းခွဲသွားခဲ့ပြီလို့ ဆီနီဂေါဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာလ ၂ ရက်မှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

       ဆစ်စီ ဟာ ဆီနီဂေါအသင်းကို ၂၀၁၅ ခုနှစ်ကတည်းက နည်းပြအဖြစ် ကိုင်တွယ်ခဲ့တာဖြစ်ပြီး အခုအချိန် မှာတော့ အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဆစ်စီ ဟာ အသင်းမှာ အချိန်ကြာမြင့်စွာ နည်းပြခဲ့တာကြောင့် အသင်းနဲ့ ဆက်ဆံရေးကောင်းတွေရှိပြီး အောင် မြင်မှုတွေရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့သူ တစ်ယောက်ဖြစ်လို့ ကျေးဇူးတင်မိသလို အနာဂတ်မှာအဆင်ပြေဖို့အတွက် ဆုတောင်းပေးတယ်လို့ ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော် ပြထားပါတယ်။

      ဆီနီဂေါအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ အာဖရိကဖလားပြိုင်ပွဲမှာ အိုင်ဗရီကို့စ်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ၁၆ သင်းရှုံး ထွက်အဆင့်မှ ထွက်ခွာခဲ့ရတာကြောင့် ပရိသတ်တွေက နည်းပြ ဆစ်စီ ကို ဝေဖန်မှုတွေ ပြု လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆစ်စီ ဟာ ကစားသမားဘဝတုန်းက ဆီနီဂေါအသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသူ ဖြစ်သလို နည်းပြဘဝမှာ အသင်းနဲ့အတူ ၂၀၂၁ အာဖရိကဖလားကို ဆွတ်ခူးပေးနိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

#PAN