ကမ္ဘာအေးဘုရားလမ်းပေါ်တွင် သွယ်တန်းထားသော ဓာတ်ကြိုးများနှင့် ကွန်တိန်နာယာဉ်တစ်စီး ချိတ်မိပြီး ဓာတ်တိုင် ၅ တိုင်ပြိုလဲခဲ့ကာ လမ်းပိတ်ဆိုမှုများဖြစ်ပေါ်


(ပြည်တွင်း) အောက်တိုဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြိုနယ်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် အောက်တိုဘာလ ၃ ရက် မွန်းလွဲပိုင်းက ကွန်တိန်နာယာဉ်တစ်စီးမောင်းနှင်လာစဉ် ကမ္ဘာအေးဘုရားလမ်းမ မှတ်တိုင်အနီးအရောက် သွယ်တန်းထားသော လျှပ်စစ်ဓာတ်ကြိုးများနှင့်ချိတ်ဆွဲမိသော အရှိန်ကြောင့် စိုက်ထူသွယ်တန်းထားသော လမ်းဘေးရှိဓာတ်မီးတိုင် ၅ တိုင် ပြိုလဲကျခဲ့ပြီး လမ်းပိတ်ဆိုမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် လမ်းပေါ်တွင် သွားလာနေသော မော်တော်ယာဉ်အချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ချော်တွင်းကုန်းမီးပွိင့်ကနေ နဝဒေးမီးပွိင့်တို့တွင် ညနေ ၆ နာရီအထိ လမ်းပိတ်ဆို မှုများ ဖြစ်ပေါ်ခဲ့ကာ လမ်းပိတ်ဆိုမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းရေးများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN